အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆောင်းပါးပြိုင်ပွဲတွင် ပါဝင်နိုင်ပါကြောင်း ဖိတ်ခေါ်

 

နေပြည်တော်    နိုဝင်ဘာ    ၂၁


၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားအား ဂုဏ်ပြုကြိုဆို သောအားဖြင့် ၂၀၂၃ ခုနှစ် ဆောင်ပုဒ် ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ    ကူညီဆောင်ရွက်စို့”    ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်ပါသည်။  ဆောင်းပါးပါဝင် ယှဉ်ပြိုင်လိုသူများသည်     မိမိတို့ကိုယ်တိုင်     ရေးသားထားသည့် ဆောင်းပါးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စု များဌာနခွဲ တယ်လီဖုန်းအမှတ် - ၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ နှင့် E-mail-vulnerable group.dor@gmail.com တို့ထံ ဆက်သွယ်၍ (၂၄-၁၁-၂၀၂၃)ရက်၊  သောကြာနေ့၊  ညနေ (၁၆:၀၀) နာရီအထိ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ကြောင်း သတင်း ရရှိသည်။ 
 သတင်းစဉ်