
ကော့သောင်း ဖေဖော်ဝါရီ ၃
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း မြိတ်မြို့တွင် ပိတ်မိနေခဲ့ သည့် ထိုင်းနိုင်ငံပိုင် ငါးသယ်လှေတစ်စင်းမှ လှေလုပ်သား ထိုင်းနိုင်ငံ သား ၁၂ ဦးအား ဇန်နဝါရီ ၃၁ ရက်က အပြည်ပြည်ဆိုင်ရာ နယ်စပ် ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းနယ်စပ်ဂိတ်၊ မြို့မတံတားမှတစ်ဆင့် ကော့သောင်းခရိုင် တာဝန်ရှိအဖွဲ့အစည်းများက ထိုင်းနိုင်ငံ ရနောင်းမြို့ သို့ ပြည်နှင်ဒဏ်ပေး ပြန်လည်သွားရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသားများမှာ လွန်ခဲ့သည့်နှစ်က ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သန်းကာ ပြည်ပနိုင်ငံတစ်ခုသို့ ငါးသယ်ယူ ရန် ထွက်ခွာလာခဲ့စဉ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလ မြိတ်မြို့တွင် ပိတ်မိနေခဲ့ပြီး မြိတ်မြို့တွင်ရှိနေစဉ် ကာလအတွင်း မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုစည်းကမ်းချက်များကို ကျူးလွန်ဖောက် ဖျက်ခဲ့သဖြင့် ဒဏ်ငွေတပ်ရိုက်အရေးယူကာ ပြည်နှင်ဒဏ်ပေးမှုခံခဲ့ရပြီး မြိတ်မြို့မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့နယ်စပ်ဂိတ်မှ ကော့သောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်းအားဦးစီးဌာန ဌာနခွဲ(၂)နှင့် မြို့နယ်ဦးစီးဌာနမှူးရုံးတို့မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ရနောင်းမြို့ ဒေသအာဏာပိုင်အဖွဲ့အစည်း များထံသို့ ပြန်လည်ပို့ဆောင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)