
နေပြည်တော် ဒီဇင်ဘာ ၆
၃၁-၁၀-၂၀၀၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ် ချက် ၅၈/၄ ဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းက ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အဆိုပါကွန်ဗင်းရှင်းသို့ တရားဝင် အတည်ပြုဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါသည်။ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အခြားကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်