
နေပြည်တော် နိုဝင်ဘာ ၃၀
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် နိုဝင်ဘာ ၂၈ ရက်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (Internatio-nal Anti-Corruption Academy-IACA) ၏ (၁၁) ကြိမ်မြောက် အဖွဲ့ဝင်များညီလာခံသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကိုယ်စား ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် သည်။
ညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံသည် ကုလ သမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCAC) သို့ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်များတွင် ပြည်သူများ၏ အသိဉာဏ်နှင့် စွမ်းဆောင်ရည် တိုးမြင့်ရေးအတွက် IACA က ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် မြန်မာနိုင်ငံသည် IACA သို့ ၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ပြီး နှစ်အလိုက် Action Plan ချမှတ်လျက် နိုင်ငံအတွင်း အဂတိ လိုက်စားမှုတားဆီးကာကွယ်ခြင်း၊ အသိပညာပေး ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးရေးအစီအစဉ်များကို နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ဆိုရှယ်မီဒီယာများမှ တစ်ဆင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများက ဖွင့်လှစ်ပို့ချသော သင်တန်းများတွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍လည်းကောင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှုကာကွယ်ရေးအဖွဲ့များ (CPU) ဖွဲ့စည်း ပြီးစီးမှု၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီ အစဉ် (Public Feedback Programme-PFP) ဆောင်ရွက်နေမှုနှင့် ရာထူးကြီးငယ်မရွေး အဂတိ လိုက်စားမှုများကို စုံစမ်းဖော်ထုတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UNODC နှင့် လည်းကောင်း၊ ဒေသတွင်း၌ ASEAN-PAC အဖွဲ့ဝင် နိုင်ငံများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက် ရှိရာ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် နှစ်နိုင်ငံချင်း MoU များ လက်မှတ်ရေးထိုးထားပါကြောင်း၊ ဒိန်းမတ်နိုင်ငံနှင့်လည်း LOI လက်မှတ်ရေးထိုးထားပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအများအပြားမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး IACA ၏ ရုံးလုပ်ငန်းဆိုင်ရာတိုးတက်မှုများ၊ ၂၀၂၁-၂၀၂၄ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက် မှု၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် လက်ရှိအခြေ အနေ၊ ပြောင်းလဲလာသော အခြေအနေများနှင့် စိန်ခေါ်မှုများ၊ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပြီး Measurement of Corruption နှင့် General Matters ဆိုင်ရာ Resolution နှစ်ခုကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်