အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်    ဒီဇင်ဘာ   ၁၅


ဂျာမနီနိုင်ငံ ဘာလင်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ     ပွင့်လင်း မြင်သာမှုရှိရေးအဖွဲ့က    ကြီးမှူး ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ _ ၂၀၂၂ ကို အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့ရှိ Omni Sho-reham Hotel ၌ ဒီဇင်ဘာ ၆ ရက် မှ ၁၀ ရက်အထိ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ကိုယ်စား    မြန်မာ သံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီ     တာဝန်ခံ ဦးသက်ဝင်း      ဦးဆောင် သည့် ကိုယ်စားလှယ် သုံးဦးတက် ရောက်ခဲ့သည်။

 


ညီလာခံတွင်     အမေရိကန် သမ္မတ၏    အမျိုးသားလုံခြုံရေး အကြံပေး    Mr. Jake Sullivan၊ မော်ဒိုဗာသမ္မတနိုင်ငံ သမ္မတ H.E. Ms. Maia Sandu ၊ U.S. Agency for International Development (USAID)  ၏  အကြီးအကဲ  Ms. Samantha Power ၊ Transpar-ency    International    အဖွဲ့၏ ဥက္ကဋ္ဌ Ms. Delia Ferreira Rubio ၊ အပြည်ပြည်ဆိုင်ရာ     ပွင့်လင်း မြင်သာမှုရှိရေးအဖွဲ့၏ အမှုဆောင် ညွှန်ကြားရေးမှူး    Mr.   Gary Kalman ၊     အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံကောင်စီ    ဥက္ကဋ္ဌ    Ms. Huguette Labelle တို့က အဖွင့် အမှာစကား        ပြောကြားခဲ့ပြီး ညီလာခံသို့  နိုင်ငံ  ၁၄၀  ကျော်မှ အစိုးရကိုယ်စားလှယ်များ၊ ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ  Ms. DunjaMijatovic ၊ IMF ၊ UNDP စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊   ငွေကြေးခဝါ ချမှု      တိုက်ဖျက်ရေးအဖွဲ့များ/ ကော်မရှင်များမှ     ကိုယ်စားလှယ် များ၊ ပညာရှင်များ၊ သုတေသီများ၊ သတင်းထောက်များ၊      အဂတိ လိုက်စားမှုတိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူများနှင့်     တက္ကသိုလ် ကျောင်းသားများ    တက်ရောက် ခဲ့ကြသည်။

 


ညီလာခံတွင် ကိုယ်ကျိုးစီးပွား ဦးစားပေးစနစ်များကို   ကိုင်တွယ် ဖြေရှင်းခြင်း၊       လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဂတိလိုက် စားမှု မျက်မြင်သက်သေများကို  အကာအကွယ်ပေးခြင်း၊ စဉ်ဆက် မပြတ်       ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်စေရန်    ဘဏ္ဍာရေး ဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ရှိရေး ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေး  ဆိုင်ရာ         ပွင့်လင်းမြင်သာမှုမှ တစ်ဆင့် အဂတိလိုက်စားမှုများကို  တိုက်ဖျက်ခြင်းနှင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးတွင် လူငယ် များအား   စည်းရုံးခြင်း   စသည့် အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြသည်။ 

 


မြန်မာ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့်          “မြန်မာနိုင်ငံတွင်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေး” ကို       ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်က    ဆောင် ရွက်ခဲ့ပါကြောင်း၊      ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင်လည်း      ပါဝင် လက်မှတ်ရေးထိုးထားပြီး   ဒေသ တွင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့်  အာဆီယံ          အဂတိလိုက်စားမှု တိုက်ဖျက်ရေး       အဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေး    လုပ်ငန်းများကို နိုင်ငံတကာစံချိန်၊  စံညွှန်းများနှင့် အညီ  မဟာဗျူဟာများ၊  လုပ်ငန်း ဧရိယာများ      ချမှတ်ကာဆောင် ရွက်လျက်ရှိပါကြောင်း  ဆွေးနွေး ခဲ့သည်။
                         

သတင်းစဉ်