အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် မိမိတို့ စီမံအုပ်ချုပ်ရသည့် ဝန်ထမ်းများအပေါ် မှန်ကန်သော ခေါင်းဆောင်မှုပေးရန် လိုအပ်

 

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၁) ၊ အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၂)၊ အလယ်အလတ်
အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းနှင့်  ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၇)တို့၏ သင်တန်းဆင်းအခမ်းအနားများကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၈
ဝန်ထမ်းအဖွဲ့အစည်း     ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၁) နှင့်  အဆင့်မြင့် အရာထမ်း   စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၂) တို့၏   သင်တန်း ဆင်းပွဲအခမ်းအနားကို  ဇန်နဝါရီ ၂၇   ရက်တွင်     နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်        ပြည် ထောင်စုရာထူးဝန်အဖွဲ့    ဥက္ကဋ္ဌ ဒေါက်တာ    မောင်မောင်နိုင်က  ခေါင်းဆောင်မှုနှင့်   စီမံခန့်ခွဲမှု အရည်အသွေး  ပိုမိုထက်မြက်စေ ရန်ရည်ရွယ်၍     ဝန်ထမ်းအဖွဲ့ အစည်း     ဒုတိယအကြီးအမှူး ၂၉၁   ဦးနှင့်   အဆင့်မြင့်အရာရှိ ၄၉၂ ဦး တို့ကို လေ့ကျင့်ပေးနိုင်ခဲ့ ပြီးဖြစ်ကြောင်း။
အဖွဲ့အစည်းတိုင်းတွင် ခေါင်း ဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့်   မိမိတို့ စီမံအုပ်ချုပ်ရသည့် ဝန်ထမ်းများ အပေါ် မှန်ကန်သော ခေါင်းဆောင် မှုပေးရန် လိုအပ်သကဲ့သို့ ပြည်သူ များ၏ ယုံကြည်လေးစားအားထား ရသောသူများ၊   အသိအမှတ်ပြု ခံရသူများဖြစ်ရန်လည်း  လိုအပ် ကြောင်း၊ ကျွမ်းကျင်တတ်မြောက် ထားသော  အသိပညာ၊  အတတ် ပညာများနှင့်    အတွေ့အကြုံ ကောင်းများကို ကောင်းမွန်သောအတွေးအခေါ်များဖြင့် ပေါင်းစပ်၍ မှန်ကန်သော     ခေါင်းဆောင်မှု၊ မျှတသော   ဆုံးဖြတ်ချက်များဖြင့် ဝန်ထမ်းအဖွဲ့အစည်း တိုးတက် အောင်မြင်ရေး       စနစ်တကျ လုပ်ကိုင်သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဝန်ထမ်း အဖွဲ့အစည်း ဒုတိယအကြီးအမှူး ၂၀   နှင့် အဆင့်မြင့်  အရာရှိ   ၃၈ ဦးတို့  တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 
ဆက်လက်၍  ပြည်ထောင်စု ရာထူးဝန်အဖွဲ့     ဥက္ကဋ္ဌသည် ရတနာခန်းမ၌     ကျင်းပသည့် အလယ်အလတ်အဆင့်   အရာ ထမ်း    စီမံခန့်ခွဲမှုသင်တန်းနှင့်  ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့် မြင့်   ဒီပလိုမာသင်တန်းအမှတ် စဉ်(၇) သင်တန်းဆင်းပွဲ  အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားတွင်    ပြည် ထောင်စုရာထူးဝန်အဖွဲ့    ဥက္ကဋ္ဌ က  လေ့လာဆည်းပူးရရှိခဲ့သော အတွေးအမြင်များနှင့် အသိပညာ ဗဟုသုတများကို  ပြောင်းလဲလာ သည့် နည်းပညာများ၊ နိုင်ငံတကာ ၏  တိုးတက်မှုများနှင့်အညီ လိုက်  လျောညီထွေရှိအောင်    ကျင့်သုံး သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံတော် သစ် တည်ဆောက်ရာ၌ တစ်တပ် တစ်အား   ပါဝင်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း    ပြောကြားပြီး ထူးချွန်ဆုရရှိသူများကို   ဆုများ ပေးအပ် ချီးမြှင့်သည်။ 
ထို့နောက်   ဘွဲ့နှင်းသဘင် အခမ်းအနားကို      တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)    ပါမောက္ခချုပ် ဦးကျော်စိုးက    ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု    အဆင့်မြင့်ဒီပလိုမာ ဘွဲ့လက်မှတ်များ   ချီးမြှင့်ပေးအပ် သည်။
အဆိုပါ သင်တန်းသို့သင်တန်း သား ၉၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်