အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဂါဇာကမ်းမြောင်သို့ ပထမဆုံး စက်သုံးဆီတင်ယာဉ်များဝင်ရောက်

 

ဂါဇာ   နိုဝင်ဘာ  ၂၄ 
အစ္စရေးနှင့် ဟားမားစ်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက စတင်အသက်ဝင်လာပြီးနောက်  စက်သုံးဆီနှင့်  ဓာတ်ငွေ့များ တင်ဆောင်ထားသည့် ယာဉ်များ  ဂါဇာ ကမ်းမြောင်သို့  ဝင်ရောက်ခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
စက်သုံးဆီနှင့်  မီးဖိုချောင်သုံး  ဓာတ်ငွေ့များ တင်ဆောင်လာသည့်   ထရပ်ကားများသည်  ဂါဇာ ကမ်းမြောင်သို့ ပို့ဆောင်မည့် အထူးဧရိယာသို့ စတင် ရောက်ရှိလာပြီး ဂါဇာကမ်းမြောင်နှင့် အီဂျစ်အကြား ရာဖာမြေကိုဖြတ်ကာ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ       ထောက်ပံ့ရေးယာဉ်တန်းများနှင့် အတူ      လိုက်ပါလာခဲ့ကြောင်း       အမည်မဖော်လိုသူ  ပါလက်စတိုင်း   လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အပစ်အခတ်ရပ်စဲရေးကာလအတွင်း     ဂါဇာ ကမ်းမြောင်ဒေသသို့   ကယ်ဆယ်ရေးနှင့်    ဆေးဝါး ပစ္စည်း ယာဉ်အစီးရေ ၂၀၀ နှင့်   စက်သုံးဆီတင် ယာဉ်လေးစီး ဝင်ရောက်မည်ဖြစ်ကြောင်း ဟားမားစ် အဖွဲ့က   သတင်းစာရှင်းလင်းပွဲတွင်   ပြောကြား သည်။
အောက်တိုဘာ ၇ ရက်ကတည်းက  ဟားမားစ် အဖွဲ့မှ    ဖမ်းဆီးထားသည့်   ဓားစာခံ ၁၃ ဦးကို လွှတ်ပေးခဲ့ပြီးနောက် စက်သုံးဆီနှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့များ ပေးပို့ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ဆင်ဟွာ