အနုပညာရှင်အသင်းအဖွဲ့များအတွက်  အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း

 

 မိမိတို့တတ်ကျွမ်းသည့် အနုပညာဖြင့်  ပြည်သူများ အပန်းပြေစေရေး အလုပ်အကျွေးပြုရန်လိုအပ်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၈ 


အနုပညာရှင်အသင်းအဖွဲ့များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။  

 


လှူဒါန်းပွဲတွင်  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက     အမှာ စကားပြောကြားရာ၌   ယနေ့ ကျင်းပပြုလုပ်သည့် အနုပညာရှင် အသင်းအဖွဲ့များအတွက် အခြေခံ စားသောက်ကုန်များ    ပေးအပ် လှူဒါန်းခြင်းမှာ    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့      စီးပွားရေးရာဝန်ကြီး    ဦးအောင် သန်းဦးနှင့် မိသားစုတို့က လှူဒါန်း မှုအပေါ်    စီစဉ်ဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊        ကမ္ဘာ တစ်ဝန်း  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်မှုများ တွင်   မြန်မာနိုင်ငံမှ  အနုပညာ လုပ်ငန်းများလည်း     ပါဝင်ပြီး အနုပညာရှင်များအနေဖြင့် စားဝတ် နေရေး အခက်အခဲများ ဖြစ်ပေါ် လျက်ရှိပါကြောင်း။

 


 ထိုကဲ့သို့   အနုပညာရှင်များ စားဝတ်နေရေး  အခက်အခဲများ ကြုံတွေ့မှုအပေါ်    နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ကိုယ်တိုင်  ပြီးခဲ့ သည့်    နိုဝင်ဘာလအတွင်းက ပေးအပ်လှူဒါန်းမှုဖြင့် စီစဉ်ဆောင် ရွက်ပေးခဲ့ပါကြောင်း၊   ထိုကဲ့သို့ အခြေခံ   စားသောက်ကုန်များ အဆက်မပြတ်  ပေးအပ်လှူဒါန်း ပေးရန်မှာ ရေရှည်တွင် ကန့်သတ် ချက်များရှိနိုင်သဖြင့် အနုပညာရှင် များသည်  မိမိတို့၏ အသက်မွေး ဝမ်းကြောင်း   လုပ်ငန်းများကို  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ပြန်လည်ဆောင်ရွက်ကြစေလို ပါကြောင်း၊    မိမိတို့တတ်ကျွမ်း သည့် အနုပညာဖြင့် မွန်းကျပ်နေ သော ပြည်သူများ အပန်းပြေစေ ရေး   အလုပ်အကျွေးပြုရန် လိုအပ် ပါကြောင်း၊   အနုပညာရှင်များ အနေဖြင့်   ကျန်းမာရွှင်လန်းစွာ၊ စိတ်အေးချမ်းသာစွာဖြင့်  သက် ဆိုင်ရာ အနုပညာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြား သည်။

 


ဆက်လက်၍     ရန်ကုန်တိုင်း ဒေသကြီး    အစိုးရအဖွဲ့   စီးပွား ရေးရာဝန်ကြီး ဦးအောင်သန်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေ ချုပ်   ဦးဌေးအောင်တို့က  အမှာ စကား ပြောကြားကြသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့       စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် မိသားစုက မြန်မာနိုင်ငံ   ဂီတအစည်းအရုံး (ဗဟို)မှ   တာဝန်ရှိသူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး  ဥပဒေချုပ်  ဦးဌေးအောင်က ရုပ်ရှင်အသင်းအဖွဲ့များမှ တာဝန် ရှိသူများအား    လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန    (ကိုယ်စား) ၎င်းဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာ အေးက  မြန်မာနိုင်ငံ  လူရွှင်တော် အသင်းမှ   တာဝန်ရှိသူများအား လည်းကောင်း အခြေခံစားသောက် ကုန်များ ပေးအပ်လှူဒါန်းကြသည်။

 


ယင်းနောက်   အနုပညာရှင် အသင်းအဖွဲ့များကိုယ်စား မြန်မာ နိုင်ငံ   ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ        ဦးကြည်စိုးထွန်း က         ကျေးဇူးတင်စကား   ပြောကြားသည်။

 


ယနေ့        လှူဒါန်းပွဲတွင် သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနက      ဆီတစ်လီတာ ဘူး  ၃၀၁၀နှင့် ပဲပိဿာ ၃၀၁၀ ၊ ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့       စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့်  မိသားစုက ဆန် ၁၂ ပြည်အိတ်  ၃၀၁၀ နှင့် ဆားပိဿာ  ၃၀၁၀ လှူဒါန်းမှုတို့ အပေါ်  မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ အသင်းဝင် ၁၆၉၀ ၊ မြန်မာ နိုင်ငံ  ဂီတအစည်းအရုံး(ဗဟို)မှ အသင်းဝင်  ၁၁၁၀ နှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်းဝင်      ၂၁၀   စုစုပေါင်းအနုပညာရှင်   ၃၀၁၀ အတွက် တစ်ဦးလျှင် ဆန် ၁၂ ပြည်၊ ဟင်းရွက်ဆီ တစ်လီတာ၊ ပဲနှင့် ဆား     တစ်ပိဿာနှုန်းစီဖြင့် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 


မွန်းလွဲပိုင်းက ပြည်ထောင်စု ဝန်ကြီးသည်  ရန်ကုန်မြို့ ရေဝေး သုသာန်တွင် ပြုလုပ်သည့် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်၏  ဈာပနသို့  သွားရောက်ပို့ဆောင်ပြီး ကျန်ရစ်သူမိသားစုအား နာရေး ထောက်ပံ့ငွေပေးအပ်သည်။

 


ယမန်နေ့        ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ရခိုင် ပြည်နယ် သံတွဲမြို့ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံသို့ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ    မှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ငွေ များ ပေးအပ်သည်။

 


ပြန်ကြားရေး   ဝန်ကြီးဌာန         မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား သည်    နိုင်ငံတစ်ဝန်းသို့   ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ   ၂၅၈  ရုံမှ Analogue   စနစ်ဖြင့်  လွှမ်းခြုံ ထုတ်လွှင့်ပေးလျက်ရှိရာမှ ၎င်း အနက်  ၁၅၃ ရုံမှာ ဒစ်ဂျစ်တယ် DVB-T2 စနစ်ဖြင့် တိုးချဲ့ထုတ်လွှင့် လျက်ရှိရာ   သံတွဲမြို့နယ်  အပါ အဝင်  ရခိုင်ပြည်နယ်တစ်ခုလုံးကို ထပ်ဆင့်လွှင့်စက်ရုံ   ၁၆  ရုံဖြင့် လွှမ်းခြုံ   ထုတ်လွှင့်ပေးလျက်ရှိ ကြောင်း သိရသည်။   

သတင်းစဉ်