
ရန်ကုန် ဇန်နဝါရီ ၁၂
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ တတိယ အကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခိုးကူးဖြန့်ချိခြင်းတားဆီးရေး
ရှေးဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြော ကြားရာတွင် အနုပညာဆိုင်ရာ ဆောင်ရွက်မှုတွင် အခြေအနေနှင့် ကိုက်ညီစွာ ထိန်းသိမ်းဆောင်ရွက် လျက်ရှိပြီး အွန်လိုင်းပလက်ဖောင်း တွင် ခိုးယူပြသနေသည့် မြန်မာ့ ရုပ်ရှင်ဇာတ်ကားများကို ဥပဒေ အရ ဖော်ထုတ် အရေးယူဆောင် ရွက်နိုင်မှုတွင်လည်း ထိရောက် အောင်မြင်မှုကို တွေ့ရှိရကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေ ဖြင့် ရုပ်ရှင်ဇာတ်ကားများကို ဆင်ဆာမူဝါဒနှင့်အညီ စိစစ် ဆောင်ရွက်လျက်ရှိပြီး တရား မဝင်ခိုးကူး ဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စား လှယ်များ ပါဝင်ဖွဲ့စည်းဆောင်ရွက် ခဲ့ကြောင်း။
ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့် ဇာတ်ကားများ ခိုးကူးမှုတွင် စောင့်ကြည့်မှုနှင့်အတူ ရုပ်ရှင် ရုံများမှတာဝန်ရှိသူများနှင့် အနု ပညာကို ပုံဖော်ဖန်တီးကြသည့် မူလပိုင်ရှင်များကလည်း ပူးပေါင်း ကာကွယ်သွားရမည် ဖြစ်ကြောင်း၊ ထို့အပြင် ရုပ်ရှင်ရုံအတွင်းမှ မြန်မာ့ ရုပ်ရှင်များ ခိုးကူးနေမှုကို အများ ပြည်သူသိရှိနိုင်ရန် ရုပ်ရှင်ရုံ အတွင်း အသိပညာပေးပြသခြင်း ဖြင့် ပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ခိုးကူးရုပ်ရှင် များ ဖြန့်ချိပြသနေမှု ထိန်းသိမ်း နိုင်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် သက်ဆိုင်ရာအဖွဲ့အစည်း များကို ကျေးဇူးတင်ရှိပါကြောင်း၊ တရားမဝင် ခိုးယူဖြန့်ချိမှုပပျောက် ရန် မတရားမှုများကို ဝိုင်းဝန်း တိုက်ဖျက် သွားရမည်ဖြစ်ပြီး ပပျောက်သွားရန် မည်သို့ ကာကွယ်သွားမည်ကို တက်ရောက် သူများက အကြံပြုဆွေးနွေးသွား စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကာကွယ်တားဆီး ရေးအဖွဲ့ခွဲများ ဖြစ်ကြသည့် ဆက်သွယ်တိုင်ကြားနိုင်ရေး အဖွဲ့ ခွဲ၊ စောင့်ကြည့်စိစစ်လေ့လာရေး အဖွဲ့ခွဲ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ခွဲ၊ အရေး ယူဆောင်ရွက်ရေးအဖွဲ့ခွဲ၊ အသိ ပညာပေးရေးအဖွဲ့ခွဲနှင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ တာဝန် ရှိသူများ၊ အွန်လိုင်းမှတက်ရောက် သူများက ဆွေးနွေးတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် အဆိုပါရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ အစည်းအဝေး ခန်းမ၌ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဆက်လက် ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ဇန်နဝါရီ ၅ ရက် က မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရေး ဦးစီးကော်မတီအစည်း အဝေးကို နေပြည်တော်၌ကျင်းပ ခဲ့ရာ သက်ဆိုင်သည့်အဖွဲ့အစည်း များက ရန်ကုန်မြို့မှ Zoom ဖြင့် တက်ရောက်ခဲ့ကြကြောင်း၊ ယနေ့ တွင် ထိုအစည်းအဝေး ဆုံးဖြတ် ချက်နှင့် ဆက်လက်ဆောင်ရွက် သွားကြမည့် လုပ်ငန်းတို့ကို ပြည့်စုံစွာ ဆွေးနွေးသွားရန်ဖြစ် ကြောင်း၊ ဖျော်ဖြေရေး၊ အခမ်း အနားပြင်ဆင်ရေး အပါအဝင် ဆက်လက်လုပ်ဆောင်သွားမည့် အပိုင်းတို့ကို ဆွေးနွေးစေလိုပါ ကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးနှင့် သဘင်အစည်း အရုံးတို့မှ တာဝန်ရှိသူများ၊ အခြား အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် အွန်လိုင်းမှတက်ရောက် သူများက ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌက ဆွေးနွေး တင်ပြမှုများအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်