
ဒါဗို့စ် ဇန်နဝါရီ ၁၂
တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များ ရောထွေး ကြီးမားလာမှုကို ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နှစ်စဉ် အစီရင်ခံစာတွင် တင်ပြထားသည်။ ငွေကြေး ဖောင်းပွမှုနှင့် စွမ်းအင်ပြတ်လပ်မှု ပြဿနာများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို ဦးတည်သွားစေနိုင်သည်ဟု ဖော်ပြ ထားသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်သည် အစိုးရခေါင်းဆောင် များ၊ စီးပွားရေးသမားများနှင့် ပညာရှင်များစုစုပေါင်း ခေါင်းဆောင် ၁၂၀၀ ကျော်ထံမှ စစ်တမ်းကောက်ယူ ထားခြင်းဖြစ်သည်။ လူနေမှုစရိတ်ကြီးမြင့်လာခြင်း မှာ နှစ်နှစ်အတွင်း လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကျပ်အတည်းကို ဦးတည်စေနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ သိသာထင်ရှား သည့် မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲမရှိပါက ရေရှည်တွင် ဆိုးရွားသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု ကမ္ဘာ့စီးပွားရေးဖိုရပ်က သတိပေးထားသည်။
ချက်ချင်းနှင့် ရေရှည်ဖြေရှင်းရမည့် စိန်ခေါ်မှုများ ကို ဖြေရှင်းရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် လုပ်ဆောင်မှုများ လုပ်ဆောင်သွားရန် လည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ့ စီးပွားရေးဖိုရမ်၏ နှစ်စဉ်အစည်းအဝေးကို လာမည့် ဇန်နဝါရီ ၁၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေး၌ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ဆွေးနွေး သွားမည်ဖြစ်သည်။ အင်န်အိတ်ချ်ကေ