အွန်လိုင်းရာဇဝတ်မှုနဲ့ လိမ်လည်မှုတွေကို ပူးပေါင်းတိုက်ဖျက်ပြီး နိုင်ငံ့ပုံရိပ်မြှင့်တင်ရမယ့်အချိန်

Type
5

 

ခင်ရတနာ

မိုးအကုန်ဆောင်းအကူး မကြာမီခရီးသွားရာသီကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။   ကိုဗစ်-၁၉ ကြောင့် ပြည်တွင်းခရီးသွားတွေကိုပဲ အားကိုးနေရတာ အတော်ကြာပြီမို့  ကိုဗစ်အလွန်ကာလ ခရီးသွားရာသီမှာ   ပြည်ပခရီးသွားတွေ  မြိုင်မြိုင်ဆိုင်ဆိုင် လာရောက်ကြဖို့အရေး ခရီးသွားလာရေးကဏ္ဍက မျှော်လင့် နေကြတာ၊ ပြင်ဆင်နေကြ၊ ဖြည့်ဆည်းနေကြတာ မြင်တွေ့ရပါတယ်။ အထူးသဖြင့် ပြည်ပခရီးသွားတွေမှာ အိမ်နီးချင်းက ခရီးသွားတွေ အများဆုံးလာရောက် ကြပြီး မြန်မာနိုင်ငံဘက်ကလည်း  အချို့အိမ်နီးချင်း    နိုင်ငံတွေအတွက်  ဆိုက်ရောက်ဗီဇာခွင့်ပြုပေးထားသလို  တရုတ်အစိုးရဘက်ကလည်း  တရုတ်နိုင်ငံသားတွေ အဖွဲ့လိုက် ပြည်ပခရီးသွားလာခွင့်ပြုတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကိုထည့်သွင်းထားတာ ဝမ်းမြောက်စရာပါ။

 

 သို့သော်လည်း    မြန်မာနိုင်ငံနဲ့      ပတ်သက်တဲ့ သတင်းအမှားတွေအများကြီးထဲက  ဆိုးဆိုးရွားရွား သတင်းမှားကြီးတစ်ခုကို မကြာသေးမီက မြင်တွေ့ လိုက်ရတယ်။    အဲဒါကတော့     မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး          အသုံးပြုလိမ်လည်တာတွေ များပြားနေတယ်ဆိုတဲ့ သတင်းဖြစ်ပြီး လိမ်လည် တာတွေအပြင်    ပြန်ပေးဆွဲတာ၊     ငွေညှစ်တာနဲ့ လူကုန်ကူးတာတွေကိုပါ     ပြုလုပ်နေတယ်ဆိုပြီး ထွက်ပေါ်လာတာပါ။   ဒါက ပြည်ပခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်မယ့်အရေး စိုးရိမ်မှုဖြစ်စေ နိုင်သလို      မိမိတို့နိုင်ငံရဲ့       ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတဲ့အတွက် မီဒီယာတွေကနေ သတင်း မှန်ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်တင်ပြကြဖို့ လိုအပ်နေပါပြီ။


အွန်လိုင်းပေါ်က အုပ်စုဖွဲ့ လိမ်လည်လှည့်ဖျား


အင်တာနက်ကို လွယ်လွယ်ကူကူ အသုံးပြုနိုင် လာကြတာကို    အခွင့်ကောင်းယူပြီး     အွန်လိုင်း လိမ်လည်မှုအမျိုးမျိုးကို  နေ့စဉ်မြင်တွေ့ကြားသိ နေကြရပါတယ်။     ဥပမာအားဖြင့်      အွန်လိုင်းဂိမ်း တွေ၊    အွန်လိုင်းလောင်းကစားတွေ၊   အွန်လိုင်း တရားမဝင်ငွေကြေးဈေးကွက်တွေ၊ အွန်လိုင်းကနေ ငွေချေးပေးမယ်ဆိုတဲ့   လိမ်ညာမှုစတာတွေအပြင် လူတွေရဲ့လောဘကို   အသုံးချပြီး        ငွေကြေး လိမ်လည်မှု၊ ကာမဖြားယောင်းမှုနဲ့ အမျိုးမျိုးသော ရာဇဝတ်မှုတွေက    နိုင်ငံတကာမှာရှိသလို    မိမိတို့ နိုင်ငံမှာလည်း အလိမ်အညာခံရသူတွေ အများကြီးရှိ လာတယ်။


ပြီးခဲ့တဲ့      နှစ်အနည်းငယ်အတွင်းမှာ    ပြည်ပ တယ်လီကွန်းနဲ့ အင်တာနက်အသုံးပြု လိမ်လည် သူတွေ အတော်လေးခြေလှမ်းသွက်လာခဲ့ပြီး သူတို့ လုပ်ငန်းအတွက် လစာမြင့်မြင့်ပေးလို့ လက်အောက် ငယ်သားတွေကို    စုဆောင်းကြပါတယ်။   သူတို့နဲ့ လက်တွဲဖြုတ်ချင်တဲ့သူတွေကို အကြမ်းဖက်တာ၊ လူကုန်ကူးတာ၊ လက်စဖျောက်တာနဲ့ အခြားဒုစရိုက် ကွင်းဆက်တွေကိုပါ      လုပ်ကိုင်လာကြပါတယ်။ အရှေ့တောင်အာရှက ဖွံ့ဖြိုးဆဲနိုင်ငံအချို့နဲ့ တရား ဥပဒေစိုးမိုးမှုနည်းပါးတဲ့   နယ်စပ်ဒေသတွေမှာ လူသူစုဆောင်းပြီး ဂိုဏ်းဖွဲ့၊ လိမ်လည်မှုကို အကြီး အကျယ်လုပ်ဆောင်နေကြတယ်လို့ သိရှိရပါတယ်။


လိမ်လည်တဲ့ဂိုဏ်းတွေဟာ သူတို့ရဲ့ လိမ်လည်မှု ကနေ ရလာတဲ့ တရားမဝင်ငွေကြေးတွေကို ငွေဖြူ အဖြစ်ပြောင်းလဲဖို့      နည်းလမ်းရှာကြပါတယ်။ အရှေ့တောင်အာရှနဲ့    ဒူဘိုင်းတို့လို    နိုင်ငံတွေက ချမ်းသာတဲ့သူတွေက စင်ကာပူလိုနိုင်ငံတွေမှာ အခြေ ချပြီး ငွေကြေးခဝါချတဲ့ ဝန်ဆောင်မှုတွေ လုပ်ကိုင် ကြလေ့ရှိတာမို့ လိမ်လည်လို့ရတဲ့ ငွေကြေး (Virtual Currency) ကို ငွေကြေးခဝါချတဲ့  ဝန်ဆောင်မှုတွေ အကူအညီနဲ့         ပုံစံပြောင်းကြလေ့ရှိပါတယ်။ ဒါကြောင့် အချို့သော အွန်လိုင်းလိမ်လည်မှုအပေါ် ထောက်ပြသူတွေက    ယနေ့ခေတ်   စင်ကာပူက ကမ္ဘာလုံးဆိုင်ရာ       ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုဆိုင်ရာ ငွေကြေး ခဝါချမှုစင်တာလို့တောင် သုံးနှုန်းလာကြပါတယ်။


အလုပ်သမားအခွင့်အရေးမရှိ


မိမိတို့နိုင်ငံအတွင်း   ကျေးလက်က   အသိပညာ အားနည်းသူတွေကို လစာကောင်းကောင်းပေးပြီး အလုပ်ခန့်တဲ့အတွက် နယ်စပ်တွေဆီ သွားရောက် လုပ်ကိုင်ကြသူတွေများလာပြီး      လုပ်ကိုင်ရတဲ့ အလုပ်ကတော့    သားကောင်ရှာဖွေလို့      သူတို့ လိမ်လည်မှုတွေကို         ဖြန့်ကြက်ပေးရတာပါ။ ကျားဖြန့်လို့ အလွယ်ခေါ်ကြပြီး ပိုင်ရှင်သူဌေးဆိုသူ ကို နိုင်ငံခြားသားဆိုရုံလောက်သာ သိကြပြီး မြင်ဖူး တွေ့ဖူးသူမရှိဘဲ        အွန်လိုင်းက     ဆက်သွယ် ချုပ်ကိုင်နေတယ်လို့ သွားရောက်လုပ်ကိုင်ဖူးသူတွေက ဆိုပါတယ်။ နယ်စပ်မြို့အချို့မှာ ကျားဖြန့်လုပ်ငန်း တွေလုပ်ကိုင်ကြတာရှိသလို တရားဥပဒေမစိုးမိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေကြီးစိုးရာ    နေရာအချို့မှာ လည်း    လုပ်ကိုင်နေကြတာမို့    သက်ဆိုင်ရာက သတင်းရတာနဲ့ သွားရောက်ဖမ်းဆီးအရေးယူတာမျိုးကိုလည်း မြင်တွေ့ရပါတယ်။ 


အလုပ်ချိန်များပြားတာ၊    အလုပ်သမားအခွင့် အရေး     ခံစားခွင့်မရှိတာ၊    အိမ်ပြန်ခွင့်မရတာနဲ့ အခြားသော ခေါင်းပုံဖြတ်မှုတွေကိုလည်း  ကျားဖြန့် အလုပ်သမားတွေ    ခံစားရတာရှိပြီး     သတ်မှတ် လူဦးရေပြည့်အောင် မရှာနိုင်တာ၊ သတ်မှတ်ငွေကြေး အပြည့်မရှာပေးနိုင်တာမျိုးဆိုရင်လည်း လစာဖြတ် တောက်မှုတွေရှိတယ်လို့         ကြားသိရပါတယ်။ သို့သော်လည်း  အွန်လိုင်းကနေ  ဖြားယောင်းသွေး ဆောင်ပြီး      အလုပ်ခေါ်ဆိုမှုတွေကို    မကြာခဏ မြင်တွေ့နေရဆဲပါ။


အွန်လိုင်းလိမ်လည်မှု ထွန်းကားတဲ့
နိုင်ငံလို့ ထင်မြင်ခံရ


အွန်လိုင်းလိမ်လည်မှုတွေကို      ဖွံ့ဖြိုးဆဲနိုင်ငံ တွေရဲ့ နယ်စပ်ဒေသတွေနဲ့ တရားဥပဒေမစိုးမိုးတဲ့ ဒေသအချို့မှာတင်  တွေ့ရှိရတာမဟုတ်ဘဲ ငွေကြေး ချမ်းသာပြီး    လောင်းကစားလုပ်ငန်းတွေ    အား ကောင်းတဲ့ နိုင်ငံအချို့မှာလည်း အခြေစိုက်ကြတယ် လို့     သိရှိရပါတယ်။   မြန်မာနိုင်ငံမှာတော့   နယ်စပ် ဒေသအချို့နဲ့   လက်နက်ကိုင်အဖွဲ့အချို့   တည်ရှိတဲ့ နေရာအနည်းစုမှာ      လုပ်ကိုင်ဆောင်ရွက်လေ့ရှိ တယ်လို့ သွားရောက်လုပ်ကိုင်ဖူးသူတွေက ပြောပြ ပါတယ်။ အချို့နိုင်ငံတွေက နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ အားကောင်းတာတွေကြောင့် သတင်းအချို့ ပျောက်ကွယ်နေရပြီး မြန်မာနိုင်ငံလို ဖိအားများတဲ့ နိုင်ငံအဖို့ကတော့ လက်ရှိအခြေအနေ ထက် ပိုမိုဆိုးရွားတဲ့ သတင်းမှားယွင်း ပုံဖော်မှုတွေ ကို     မကြာခဏခံနေရပါတယ်။      ဥပမာအားဖြင့် ဆက်သွယ်ရေးလိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ အွန်လိုင်းလောင်းကစား       စတဲ့    လုပ်ငန်းတွေ ထွန်းကားတဲ့နိုင်ငံလို့ ထင်မြင်ခံရခြင်း ဖြစ်ပါတယ်။ 


တရုတ်နိုင်ငံက ပြည်သူတွေအကြားမှာ  ရေပန်း စားနေတဲ့ ရုပ်ရှင်တစ်ကား ရှိပါတယ်။ မကြာသေးတဲ့ ကာလအတွင်း ရုံတင်ပြသသွားတဲ့ No More Bets ဆိုတဲ့    ဇာတ်ကားပါ။     ဆက်သွယ်ရေးလိမ်လည်မှု အကြောင်းကို     ရိုက်ကူးထားပြီး    တရုတ်နိုင်ငံက ပြည်သူတွေက    တယ်လီကွန်းနဲ့      အင်တာနက် လိမ်လည်မှုတွေကို  ကြုံတွေ့ဖူးတာကြောင့် ဒီလို ဖြစ်ရပ်မျိုးတွေအတွက်   စိုးရိမ်မှုတွေရှိပါတယ်။ ယခုလအနည်းငယ်အတွင်း   မြန်မာနိုင်ငံအပါအဝင် လာအိုနဲ့    ကမ္ဘောဒီးယားနိုင်ငံတွေမှာ     အွန်လိုင်း လိမ်လည်မှုတွေနဲ့    လူကုန်ကူး၊   ပြန်ပေးဆွဲ    စတဲ့ ဆက်စပ်မှုခင်းတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး တရုတ်ပြည်သူများရဲ့ စိုးရိမ်မှုကလည်း မြင့်တက်ခဲ့ရပါတယ်။


အဖြစ်မှန်ကို တုံ့ပြန်ရေးသားထား


(၁၄) ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ၊ Tianjin New Media Association ရဲ့ ဒုတိယဥက္ကဋ္ဌ၊ Tianjin   Red  Coast Culture   Development တည်ထောင်သူ   Mr.Zhou Xiaoping  က   သူ့ရဲ့ WeChat စာမျက်နှာကနေ မြန်မာနိုင်ငံအတွက် အမှန် တရားနဲ့    အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့   မြစ်ဖျား ခံရာအကြောင်းကို    ရေးသားထားပါတယ်။   သူက “အခြားနေရာတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေကို    မြန်မာနိုင်ငံမှာ      ဖြစ်ပျက်နေတယ်လို့ မှားယွင်းရေးသားဖော်ပြနေကြတယ်၊ မြန်မာအစိုးရ အုပ်ချုပ်မှုအောက်မှာရှိတဲ့မြို့တွေမှာ တရားဥပဒေ စိုးမိုးပြီး ဆက်သွယ်ရေးလိမ်လည်မှုဇုန်တွေ မရှိဘူး” လို့ သူ့ရဲ့ပြည်သူတွေ သတင်းမှန်သိရှိစေဖို့ ရေးသား ထားတာကိုလည်း ဖတ်ရှုမိပါတယ်။


ထို့အတူ ဇူလိုင်လအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး   ချန်းဟိုင်က     နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ တယ်လီကွန်း လိမ်လည်မှုနဲ့           အွန်လိုင်းလောင်းကစားကဲ့သို့ ရာဇဝတ်မှုတွေကို     တိုက်ဖျက်နှိမ်နင်းဖို့အတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့ အထူးညှိနှိုင်း မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လိမ်လည်မှုနဲ့     အွန်လိုင်းလောင်းကစားမှုတွေကို တိုက်ဖျက်ရာမှာ ပြတ်ပြတ်သားသားရပ်တည်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။


ကွင်းဆက်မိမိ ဖော်ထုတ်လာနိုင်တော့မယ်


ဩဂုတ်လအတွင်းမှာလည်း      တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊      မြန်မာရဲတပ်ဖွဲ့ဌာနချုပ်၊ ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်၊    လာအိုပြည်သူ့  လုံခြုံရေး ဝန်ကြီးဌာနတို့က       ထိုင်းနိုင်ငံ      ချင်းမိုင်မြို့မှာ လောင်းကစားလိမ်လည်မှုအပြင်     လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊     တရားမဝင်   ဖမ်းဆီးချုပ်နှောင်မှု အစရှိတဲ့ ရာဇဝတ်ပြစ်မှုတွေကို လက်တွဲတိုက်ဖျက် ရေး အစည်းအဝေး  ပူးတွဲကျင်းပခဲ့ကြပြီး အစည်း အဝေးမှာ   လောင်းကစားလိမ်လည်မှု   ပျံ့နှံ့နေတဲ့ ဒေသတွေမှာ ပူးပေါင်းဆောင်ရွက်ရေးစင်တာတွေထူထောင်ပြီး  နီးနီးကပ်ကပ်ပူးပေါင်းလို့   တယ်လီ ကွန်းနဲ့   အင်တာနက်လိမ်လည်မှု   လောင်းကစား ရာဇဝတ်မှုတွေကို တိုက်ဖျက်သွားကြဖို့   ဆုံးဖြတ် ထားပြီးဖြစ်တာကြောင့်         မကြာမီကာလမှာ    အွန်လိုင်းရာဇဝတ်မှုတွေကို        ကွင်းဆက်မိမိ   ဖော်ထုတ်လာနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။


အွန်လိုင်းရာဇဝတ်မှုတွေကို မြန်မာနိုင်ငံအနေနဲ့ လက်သင့်မခံဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့    ပူးပေါင်း ဖော်ထုတ်နေပြီး အမှုအတွက် သံသယရှိသူတွေကို လည်း      သက်ဆိုင်ရာနိုင်ငံတွေကို     ပြန်လည် လွှဲပြောင်းတာ၊ ပြည်တွင်းက တရားမဝင် ဝင်ရောက် လုပ်ကိုင်နေသူတွေကိုအရေးယူတာတွေ ဆောင်ရွက် နေပါတယ်။


 တစ်ဖက်မှာလည်း     မိမိတို့နိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့  နယ်စပ်ဒေသတွေဆီကို သွား ရောက်ပြီး မသိနားမလည်ဘဲ အွန်လိုင်းလိမ်လည်မှု တွေကို ဝင်ရောက်လုပ်ကိုင်သူတွေ မရှိစေဖို့၊  လူငယ် တွေ အွန်လိုင်းလိမ်လည်မှုတွေမှာ အသုံးချခံမဖြစ် စေဖို့နဲ့       လိမ်လည်မှုတွေကို    ရှောင်ရှားနိုင်စေဖို့ ပညာပေးအစီအစဉ်တွေကို  တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဖြန့်ဝေပေးနိုင်ဖို့ လိုအပ်ပါတယ်။ 


ဒါမှသာ       အွန်လိုင်းလိမ်လည်မှုတွေကနေ ကိုယ်တိုင်လည်း မပါဝင်၊ သားကောင်အဖြစ်လည်း မရောက်ရှိတော့ဘဲ     နိုင်ငံရဲ့ပုံရိပ်ကို   မြှင့်တင်ရာ ရောက်မှာဖြစ်ပြီး    ခရီးသွားတွေ    လာရောက်မှု၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့     ကုန်သွယ်ရေး    စတဲ့ လုပ်ငန်းတွေမှာပါ နိုင်ငံတကာက ယုံယုံကြည်ကြည် နဲ့   ပူးပေါင်းဆက်ဆံလာကြမယ်လို့   ယုံကြည်မိပါ တယ်။        ။