အင်းဝဘဏ်လီမိတက်တွင် မြန်မာမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်  ၂၉

 


အင်းဝဘဏ်လီမိတက်အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ပေးထား သည့်      ရက်ကာလများအတွင်း နိုင်ငံ့ဝန်ထမ်း  အငြိမ်းစားများ၏ ပင်စင်လစာ (အငြိမ်းစားလစာ)များကို မြန်မာမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ (Myanmar Mobile Money ) နှင့် ချိတ်ဆက် ထားသော အင်းဝဘဏ်လီမိတက် ၏   ဘဏ်ခွဲများတွင်    လစဉ် ထုတ်ပေးလျက်ရှိကြောင်း   သိရ သည်။

 


ယင်းသို့ ထုတ်ပေးလျက်ရှိရာ ဇူလိုင်လအတွက် မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှု   ကုမ္ပဏီ (Myanmar Mobile Money )နှင့် ချိတ်ဆက်ထားသည့် ပင်စင်လစာ ငွေများ      ထုတ်ယူနေကြသော မိဘပြည်သူ        နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ဇူလိုင် ၂၆ ရက်မှစတင်၍ ဘဏ်ဖွင့်ရက် များတွင် ပင်စင်လစာ (အငြိမ်းစား လစာ)များကို    သက်ဆိုင်ရာ အင်းဝဘဏ်     လီမိတက်များ၌ ကျန်းမာရေးနှင့်      အားကစား ဝန်ကြီးဌာနမှ         ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ  ညွှန်ကြားချက်နှင့် အညီ     ဘဏ်လုပ်ငန်းချိန်အတွင်း   ထုတ်ယူနိုင်ကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်