
အင်းတော် ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကျေးလက် ဦစီးဌာနက ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်အတွင်း အသက်မွေးဝမ်းကျောင်း ဖိနပ်ပြုလုပ်ခြင်း သင်တန်းဆင်းပွဲ ကို ဇန်နဝါရီ ၂၁ ရက်က အင်းတော်မြို့နယ် ကျေးလက်ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါသင်တန်းကို သင်တန်းသား ၂၀ သတ်မှတ် ထားခဲ့သော်လည်း ကျေးရွာများမှ အဆိုပါသင်တန်းကို စိတ်ပါဝင်စားသူ များပြားလာသဖြင့် သင်တင်းသား ၃၂ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ကျေးလက်နေပြည်သူများ အတွက် အထောက်အကူဖြစ်စေသည့် အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုဖြစ်ကြောင်း ခေတ္တကျေးလက်ဦးစီးမှူး ဦးစောနိုင်ဦးက ပြောသည်။
လူအောင်(ကသာ)