အင်းတော်မြို့၌ စားဆီများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချ

 

အင်းတော်   စက်တင်ဘာ  ၂၇


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့တွင်   စက်တင်ဘာ ၂၇ ရက် နံနက်  ၈ နာရီမှ ၁၀ နာရီခွဲအထိ   စားဆီများကို   တစ်ပိဿာလျှင် ငွေကျပ်  ၅၈၀၀  ဖြင့်     စျေးနှုန်း ချိုသာစွာ   ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းကို အင်းတော် မြို့နယ်   ဆန်စပါးကုန်သည်များ အသင်းက ဦးဆောင်၍ လူတစ်ဦး လျှင်    စားဆီ   ၅၀  ကျပ်သား ရောင်းချပေးခဲ့ကြောင်း သိရသည်။  အင်းတော်မြို့နယ်    ဆန်စပါး ကုန်သည်ကြီးအသင်းက ပြည်သူ များ      စားဝတ်နေရေးအတွက် အဆင်ပြေစေရန်     ပြင်ပတွင် စားဆီတစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ စျေးရှိနေချိန်တွင် မိမိတို့ အသင်းအနေဖြင့်    အင်းတော် မြို့နယ် ပြည်သူများအား စားဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၈၀၀ ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချ ပေးခဲ့ကြောင်း ဆန်စပါးအသင်း ဥက္ကဋ္ဌ   ဦးမောင်မောင်က  ပြော သည်။


အဆိုပါ စားဆီရောင်းချပွဲသို့   အင်းတော်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင် များ၊  မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး လှတင့်နှင့်        တပ်ဖွဲ့ဝင်များက ကြီးကြပ်အားပေးခဲ့ကြောင်း သိရ သည်။              

လူအောင်(ကသာ)