အင်းလေးကန်အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများပေါ်သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချစိုက်ပျိုး

 

နေပြည်တော်  ဇူလိုင်   ၁၄


ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ရှိ  အင်းလေးကန် ရေရှည် တည်တံ့ခိုင်မြဲရေး၊ ရေဝေရေလဲ ဧရိယာများ ထိန်းသိမ်းရေးနှင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန်အနီး ပတ်ဝန်း ကျင်ရှိ တောင်ကုန်းတောင်တန်းများ ပေါ်သို့    ယနေ့    နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တပ်မတော်ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြသည်။


ထိုသို့  ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကြဲချစိုက်ပျိုးမည့် မဲဇလီ၊ ထင်းရှူး၊ ကယ်ရီ ရားနား၊ ဘောစကိုင်း၊ မန်ကျည်း၊ ရေသင်း ဝင်၊ မျောက်ငို၊  ပင်စိမ်း စသည့်  သစ်စေ့မြေလုံး  (Seed balls) စုစုပေါင်း အလုံး   ၂၀၀၀၀၀  ကို  တပ်မတော်ရဟတ်ယာဉ်ဖြင့်  သယ်ဆောင်၍ အင်းလေးကန် အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်း တောင်တန်းများပေါ်သို့     ကြဲချ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။       
               

သတင်းစဉ်