အင်းလေး ရေပေါ်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

ညောင်ရွှေ     ဧပြီ     ၉


အင်းလေးဒေသခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို တစ်မူထူးခြားစွာ ဆင်ယင်ကျင်းပရန်၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေး ချမ်းသာစွာ   အနားယူအပန်းဖြေနိုင်စေရန်အတွက်   ရှမ်းပြည်နယ်   ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း   ၁၃၈၅ ခုနှစ်   အင်းလေး  ရေပေါ်သင်္ကြန်ပွဲတော်ကို  စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။


အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ  အင်းရေပြင်ပေါ်ရှိ ရေလယ်ဧည့်ခန်းမ(အင်းလယ်ဗိုလ်တဲ)  ရေကစားမဏ္ဍပ်၌  နိုင်ငံကျော်အဆိုတော်များ၊  အနုပညာရှင်များ၊   ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏   အကအလှများ၊   တေးဂီတအဖွဲ့များ၏  တေးသံသာများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၏  တင်ဆက်ဖျော်ဖြေမှုများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။                                  

စိုင်းအယ်ဘဲ