အင်းလျားကန်ပေါင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၁ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီက အင်းလျားကန်ပေါင် ပြည်လမ်း ဘယ်ဘက်ခြမ်းတွင် ကွန်ကရစ်ရေနုတ်မြောင်း ရေစီး ရေလာကောင်းမွန်မှု၊ ကန်ပေါင် ပေါ်နှင့် ကန်ပေါင်အောက်ခြေ လူသွားလမ်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မြို့တော်ဝန်က ကွန်ကရစ်ရေနုတ်မြောင်းအတွင်း ရှိ သဲ၊ နုန်းများဆယ်ယူ၍ သစ်ပင် ပန်းမန်များခြေရင်း ပြန်လည် အစာကျွေးထားရှိရေးနှင့် မြောင်း အတွင်း ကပ်ငြိပေါက်ရောက်နေ သည့် အပင်များရှင်းလင်းပြီး အားကစားပစ္စည်းများ ကြံ့ခိုင်မှုရှိ နေစေရန် အစဉ်တစိုက်ဆောင် ရွက်သွားရေး၊ ဝန်ထမ်းများ ကျန်းမာရေးကို အထူးဂရုစိုက် ဆောင်ရွက်သွားရေးတို့ကို မှာကြား ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်