
လူအန်ဒါ ဇူလိုင် ၂၈
Sociedade Mineira Do Lulo (SML) ကုမ္ပဏီလုပ်ငန်းစုက ၎င်း၏ လူလိုသတ္တုတွင်းမှ ရှားပါးလှသည့် ၁၇၀ ကာရက်ရှိ ပန်းရောင်စိန်တုံး ကြီးကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၂၇ ရက်က ကြေညာလိုက် သည်။
အဆိုပါပန်းရောင်စိန်တုံးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ အတွင်း အန်ဂိုလာတွင် တူးဖော်တွေ့ရှိခဲ့သည့် စိန်တုံးများအနက် အကြီးဆုံးဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ကြေညာချက်တွင် ထုတ်ပြန် ဖော်ပြခဲ့သည်။ “Lulo Rose” ဟု အမည်ပေးထားသော အဆိုပါပန်းရောင် စိန်တုံးကြီးကို နောက်ပိုင်းတွင် နိုင်ငံတကာ ဈေးပြိုင် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
လူလိုသတ္တုတွင်းမှ ယနေ့အချိန်အထိ တူးဖော်ရရှိခဲ့သည့် ကာရက် ၁၀၀ ကျော်ရှိသည့် စိန်တုံးကြီး ၂၇ တုံးအနက် Lulo Rose ဟုခေါ်သော ပန်းရောင်စိန်တုံးကြီးသည် ငါးခုမြောက်အကြီးဆုံးဖြစ်သည်။
ဆင်ဟွာ