
ရန်ကုန် ဩဂုတ် ၅
၂၀၂၃-၂၀၂၄ အင်္ဂလန်ပရီမီးယား လိဂ် ဘောလုံးပွဲစဉ်များအားလုံး ကို Sky Net ရုပ်သံလိုင်းမှ တစ်ဦးတည်းမူပိုင်ဖြင့် တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည်ဖြစ် ကြောင်း ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင် ဝင်း၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
Sky Net ရုပ်သံလိုင်းမှ ၂၀၂၃- ၂၀၂၄ ပရီမီးယားလိဂ်ပွဲစဉ်များ ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ပြသ ခွင့်နှင့် ၁၉၉၂ ခုနှစ်မှစတင်ပြီး ပရီမီးယားလိဂ်ဟု အမည် ပြောင်းလဲကျင်းပသည့် (၃၂)ပြည့် လိဂ်ပြိုင်ပွဲလည်း ဖြစ်ကြောင်း ရွှေသံလွင် မီဒီယာကုမ္ပဏီလီမိ တက်မှ ဒါရိုက်တာဦးသိုက်ထွန်း က ပြောသည်။
အဆိုပါ ၂၀၂၃ - ၂၀၂၄ ပရီမီးယား လိဂ်ပွဲစဉ်(၁) မှ ပွဲစဉ်(၃၈)အထိ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်များ၏ နေ့ရက်အချိန်နှင့်ထုတ်လွှင့်ပြသမည့် SKYNET. SPORTS ရုပ်သံ လိုင်းများကို SKYNET ရုပ်သံလိုင်း များတွင် စာတန်းထိုးဖော်ပြပေး မည်ဖြစ်သည်။
ထို့အပြင် SKYNET DTH Official Page နှင့် SKYNET SPORTS Official Oage များတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ကြိုတင် ကြေညာပေးမည်ဖြစ် ကြောင်း သိရသည်။
Sky Net ရုပ်သံလိုင်းအနေ ဖြင့် အင်္ဂလန်ပရီမီးယားလိဂ်ဘောလုံးပွဲစဉ်များကို ၂၀၁၃- ၂၀၁၄ ရာသီမှစတင်ပြီး ထုတ်လွှင့် ပြသခဲ့သည်မှာ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ရာသီအထိ ၁၀ နှစ်တိုင်တိုင် ရှိပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ ရာသီ တွင် ၁၁ နှစ်ဆက်တိုက် ပြသခွင့် ရရှိထားသည်။
အာကာစိုး