
နေပြည်တော် ဖေဖော်ဝါရီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၏ အင်္ဂလန်ကျား (ကျားဖောင်) လုပ်ငန်းနှင့် ၂၀၁၉-၂၀၂၀ ပြည့်နှစ် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းအတွက် လုပ်ငန်း ဆက်စပ်သူများ အစည်းအဝေး (Stakeholder Meeting) အခမ်းအနား ကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီ ခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသား လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဖျာပုံ မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းအဖွဲ့များ၊ ကျားဖောင်လုပ် ငန်းရှင်အသင်းအဖွဲ့များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ကျားဖောင်လုပ်ငန်းရှင်နှင့် ရေလုပ်သား များအကြား ဖြစ်ပေါ်နေသော ပြဿနာများ၊ လူကုန်ကူးခံရမှုများ၊ အဓမ္မခိုင်းစေမှုများ၊ လုပ်အား ခေါင်းပုံ ဖြတ်မှုများ၊ ရေလုပ်သား အာမခံထား ရှိရေး ရေလုပ်ငန်းရှင်နှင့် ရေလုပ်သား နှစ်ဦးကြား သဘောတူညီမှုများ၊ Code of Conduct များ ထွက်ပေါ် လာရေး ဝိုင်းဝန်းဆွေးနွေးကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါး ဖမ်းရေယာဉ် စစ်ဆေးရေးစခန်း (Check Point) တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်နိုင်ရေးကိုလည်း ကောင်း၊ နော်ဝေနိုင်ငံမှ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင် အတွင်း၌ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် သုတေသနပြု လေ့လာတွေ့ရှိချက်များအရ ရေပေါ် ငါးနှင့် ရေအောက်ငါးသယံဇာတများ မှာ များစွာလျော့နည်းသွားမှုများ ကြောင့် ယခုနှစ် ၂၀၁၉-၂၀၂၀ ငါးဖမ်း ရာသီတွင် ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ် လ သုံးလကို ငါးမဖမ်းရရာသီအဖြစ် လည်းကောင်း၊ မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်ရှိ ငါးဖမ်းကွက်များ အားလုံးကို ငါးမဖမ်းရဧရိယာအဖြစ် လည်းကောင်း ကမ်းဝေးငါးဖမ်း ရေ ယာဉ်များအား ရာခိုင်နှုန်းပြည့် ပိတ်ပင် နိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မိုး(စိုက်ပျိုးရေး)