
အင်္ဂလန် ဇူလိုင် ၁၃
ယူရို ၂၀၂၀ ဗိုလ်လုပွဲစဉ်တွင် အီတလီအသင်းကို ရှုံးနိမ့်သွားပြီးနောက် အင်္ဂလန်အသင်းမှ လူမည်း ကစားသမား သုံးဦးမှာ အွန်လိုင်းပေါ်မှ လူမျိုးရေး တိုက်ခိုက်မှု၏ အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။
အဆိုပါကစားသမားသုံးဦးမှာ ပင်နတီကန်သွင်း ရာတွင် လွဲချော်ခဲ့ကြသူများဖြစ်သည်။ အွန်လိုင်း ပေါ်တွင် ၎င်းတို့အပေါ် အပြစ်တင်ရှုတ်ချမှုများနှင့် ပြည့်နေသည်။
ဇူလိုင် ၁၂ ရက်က သတင်းထောက်များနှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ တွေ့ဆုံရာ တွင် ကစားသမားများအပေါ် လူမျိုးရေးခွဲခြား နှိမ့်ချ ဆက်ဆံသူများမှာ ရှက်စရာကောင်းလှကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်တော်ဝင်မင်းသား ဝီလီယံကလည်း လူမျိုးရေးခွဲခြားမှုမှာ လုံးဝလက်ခံနိုင်စရာ မရှိ ကြောင်းနှင့် ကစားသမားများမှာယခုကဲ့သို့ စက်ဆုတ် ရွံရှာဖွယ်အခြေအနေကို သည်းခံနေရသည်ဟု ပြောကြားခဲ့သည်။
တွစ်တာပေါ်တွင် ရေးသားထားသည့် လူမျိုးရေး ခွဲခြားသည့် စာပေါင်း ၁၀၀၀ ကို ဖျက်ပစ်ခဲ့ရပြီး လူမျိုး ရေးခွဲခြားမှုနှင့် ပတ်သက်ကာပြောဆိုမှုများကိုလည်း ယာယီပိတ်ပင်ထားခဲ့ရသည်ဟု သိရသည်။
ယခုအခါ လန်ဒန်မြို့မှ ရဲများသည် စုံစမ်းစစ်ဆေး မှုများ စတင်နေပြီဟုသိရသည်။
ဆင်ဟွာ