အင်္ဂလိပ်စာဘာသာပြန်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်    ဇွန်     ၂၇


အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်း  စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍   အင်္ဂလိပ်စာဘာသာပြန်  သင်တန်းအမှတ်စဉ် (၁/၂၀၂၃)   ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold  Camp)  ရှိ Multipurpose Hall ၌ ကျင်းပသည်။

 


အခမ်းအနားသို့  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး   ဒေါက်တာစိုးဝင်း၊   လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြသည်။
ဦးစွာ   ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံက လူငယ်ဘက်စုံ    ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူ ထမ်းဆောင်နေကြသည့်  လူငယ် ရေးရာဦးစီးဌာနမှ       ဝန်ထမ်းများ       တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် အင်္ဂလိပ်စာ  ဘာသာပြန်အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက် စေရန်၊ လုပ်ငန်းသုံးအင်္ဂလိပ်စာ ဝေါဟာရများ ကြွယ်ဝ စေရန်၊   လူငယ်ရေးရာကိစ္စရပ်များနှင့်   ပတ်သက်၍  နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို  သိရှိနားလည်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံလူငယ် ဆိုင်ရာဝန်ကြီးများ    အစည်းအဝေး  (AMMY)  နှင့် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY) တို့ကို မြန်မာနိုင်ငံက ဥက္ကဋ္ဌ အဖြစ်  ဆောင်ရွက်ရမည်ဖြစ်ပြီး လူငယ်ရေးရာဦးစီး ဌာနမှလည်း    သက်ဆိုင်ရာကဏ္ဍအလိုက်    ပါဝင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ စွမ်းရည်များပိုမို တိုးတက်လာစေရန် ကြိုးစားလေ့လာသင်ယူကြစေ လိုကြောင်း ပြောကြားသည်။ 

 


အဆိုပါ  သင်တန်းကို  ဇွန်  ၂၇  ရက်မှ  ဇူလိုင် ၂၄  ရက်အထိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေး ခန်းမ၌   ဖွင့်လှစ်သွားမည်ဖြစ်ပြီး   သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြသည်။

 


ဆက်လက်၍           ပြည်ထောင်စုဝန်ကြီးသည်   နေပြည်တော်    အားကစား      လေ့ကျင့်ရေးစခန်းရှိ စားရိပ်သာတွင် အားကစားသမားများကို နေ့လယ်စာ ကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်နေမှုနှင့် အသားငါး၊ ဟင်းသီးဟင်းရွက်      သိမ်းဆည်းရာ    နေရာများကို ကြည့်ရှုစစ်ဆေးပြီး            အားကစားသမားများအား အာဟာရ ညီညွတ်ပြည့်ဝသည့် အစားအသောက်များ ကျွေးမွေးရန်နှင့် စားရိပ်သာပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း  သိရသည်။                                        

သတင်းစဉ်