အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၂ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က သင်တန်းမှ ပို့ချလိုက် သည့် သင်ခန်းစာများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချရေး၊ စဉ်ဆက်မပြတ် ဆက်လက်လေ့ကျင့်သွားရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။  ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က  မြန်မာစာ၊ အင်္ဂလိပ်စာ အသုံး အနှုန်းမှန်ကန်ရေးနှင့် အသံထွက်မှန်ကန်ရေးတို့ကို ဆွေးနွေးပြောကြားသည်။  ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ထုတ်ဝေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှတ်တမ်းစာအုပ် အုပ်ရေ ၁၀၀၀၀ ကိုလည်းကောင်း၊    ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာစာအဖွဲ့မှ ထုတ်ဝေ သည့် စာအုပ်၊ စာစောင်များကိုလည်းကောင်း   အပြန် အလှန်ပေးအပ်ကြသည်။  အဆိုပါသင်တန်းကို တစ်ပတ်လျှင် သင်တန်း နှစ်ချိန်ဖြင့် ရှစ်ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး ပြန်ကြား ရေးဝန်ကြီးဌာနမှ သင်တန်းသား ၃၀ တက်ရောက်ခဲ့ ကြောင်း သိရသည်။   သတင်းစဉ်