
အင့်ဂ်ကို ဝက်စ်ဟမ်း ခေါ်ယူ
ဝက်စ်ဟမ်းအသင်းသည် အက်စ်တွန်ဗီလာအသင်းမှ ဒန်နီအင့်ဂ်ကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်ပြီး ဗီလာအသင်းကို ကနဦး ၁၂ သန်းသာ ပေးချေ ခဲ့ရသည်ဟု ဆိုသည်။
၎င်းသည် ဝက်စ်ဟမ်းအသင်းနှင့် ၂၀၂၅ ခုနှစ် အထိရှိမည့် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ အင့်ဂ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက ဗီလာအသင်း၌ ကစားထားရခြင်း မရှိသေးကြောင်း သိရသည်။ လက်ရှိတွင် မိုယက်စ်၏ ဝက်စ်ဟမ်းအသင်းသည် ပရီမီယာလိဂ်တွင် ၁၉ ပွဲကစားပြီး ရမှတ် ၁၅ မှတ်သာ ရရှိထားသည်။
နိုနီကို ချယ်ဆီး ခေါ်ယူ
ပီအက်စ်ဗွီအသင်းမှ အင်္ဂလန် ယူ-၂၁ တောင်ပံ ကစားသမား နိုနီကို ပေါင် ၃၀ ဒသမ ၇ သန်း ဝန်းကျင်ဖြင့် ချယ်ဆီးအသင်းက အပြီးသတ်ခေါ်ယူ လိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၂၀ အရွယ် အဆိုပါ တောင်ပံကစား သမားသည် စတန်းဖို့ဒ်ဘရစ်၌ ခုနစ်နှစ်ခွဲစာချုပ် တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ၎င်းသည် အသက် ၁၆ နှစ်အရွယ် ၂၀၁၈ ခုနှစ်တွင် စပါးမှ ပီအက်စ်ဗွီ အသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ၎င်းသည် ပီအက်စ်ဗွီအသင်းအတွက် ၇၇ ပွဲ ပါဝင်ကစား ထားပြီး ၂၁ ဂိုး သွင်းယူပေးထားနိုင်သည်။
သတင်းတိုများ
ဘာစီလိုနာအသင်းမှ တိုက်စစ် ကစားသမား ဒီပေးကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂ ဒသမ ၆ သန်းဖြင့် အက် သလက်တီကို မက်ဒရစ်က ခေါ်ယူလိုက်ပြီဖြစ်သည်။
ဘရိုက်တန်မှ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ထရို ဆတ်ကို ပေါင် ၂၁ သန်းဖြင့် အာဆင်နယ်အသင်း ခေါ်ယူ လိုက်သည်။
ကိုပင်ဟေဂင် ခံစစ်ကစား သမား ခရစ်တိန်ဆန်ကို ပေါင် ၁၇ သန်းဖြင့် လက်စတာ အသင်း ခေါ်ယူလိုက်ပြီ ဖြစ် သည်။
အောင်ဇော် - စုစည်းသည်