အင်ဒိုနီးရှားသမ္မတက ရုရှားသမ္မတနှင့် ယူကရိန်းသမ္မတနှစ်ဦးစလုံးကို ဂျီ-၂၀ အစည်းအဝေးဖိတ်ကြား

 

ဂျကာတာ   ဧပြီ   ၃၀ 


အင်ဒိုနီးရှားနိုင်ငံက  ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်   ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီတို့နှစ်ဦးစလုံးကို  နိုဝင်ဘာလတွင် ကျင်းပ မည့်    စက်မှုထိပ်သီးနိုင်ငံများအစည်းအဝေး (ဂျီ-၂၀) သို့ ဖိတ်ကြား ထားကြောင်း  အင်ဒိုနီးရှားသမ္မတ   ဂျိုကိုဝီဒိုဒိုက  ဧပြီ ၂၉ ရက်က ပြောကြားလိုက်သည်။ 

 


အင်ဒိုနီးရှားနိုင်ငံသည် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုအတွက် ပါဝင်ရန်  အဆင်သင့်ဖြစ်နေကြောင်း ဝီဒိုဒိုက   အွန်လိုင်းအစည်း အဝေးတွင် ပြောကြားလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံသည်  ဂျီ-၂၀ နိုင်ငံများကို စုစည်းညီညွတ်စေလိုကြောင်း၊     တစ်ကွဲတစ်ပြားစီ ဖြစ်မည်ကို မလိုလားကြောင်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်    အဓိကအချက်များဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ပြောသည်။ 

 


ဂျီ-၂၀ သည် ကမ္ဘာ့စီးပွားရေးနာလန်ပြန်ထရန် လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေသည့် အခန်းကဏ္ဍက ပါဝင်ကြောင်း၊ ထို့အပြင်   ယခုသီတင်းပတ်တွင် ဝီဒိုဒိုသည် ရုရှားနှင့်  ယူကရိန်းခေါင်းဆောင် နှစ်ဦးစလုံးနှင့်   ဖုန်းဆက်ဆွေးနွေးခဲ့သည်။ 
ဧပြီ ၂၈ ရက်က ပူတင်နှင့်   ဝီဒိုဒိုသည်  ရုရှား-အင်ဒိုနီးရှားပူးပေါင်း ဆောင်ရွက်မှုနှင့်    ဂျီ-၂၀ ၏ မြောက်မြားလှစွာသော ဆောင်ရွက်ချက် များအပေါ် ဖုန်းဆက်ဆွေးနွေးခဲ့ကြသည်။

 


ဧပြီ ၂၇ ရက်က ဇီလန်စကီနှင့် ဆွေးနွေးမှုတွင် ဝီဒိုဒိုက ယူကရိန်း သမ္မတ၏  လက်နက်အကူအညီတောင်းခံမှုကို     ပယ်ချလိုက်ပြီး လူသားချင်းဆိုင်ရာအကူအညီပေးရန်      အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလိုက်သည်။                                                

ဆင်ဟွာ