
ဂျကာတာ ဇန်နဝါရီ ၂၃
အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်သုံးပတ်သာလိုတော့သည့်အချိန်တွင် အင်ဒို နီးရှားနိုင်ငံ၏ ဓာတ်သတ္တုအရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာသည် ရွေးကောက်ပွဲမဲဆွယ်မှုတွင် အရေးပါ သည့်အခြေအနေ ဆိုက်ရောက်လာခဲ့သည်။
ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ကို အားပေးအားမြှောက်ပြုသည့်အနေဖြင့် လက်ရှိ အစိုးရသည် နီကယ်နှင့် ဘောက်ဆိုက်သတ္တု အပါအဝင် ဓာတ်သတ္တုကုန်ကြမ်းပစ္စည်းများ တင်ပို့ မှုကို တားမြစ်ထားသည်။
သုံးဦးဆိုင်ပြိုင်ဘက်များဖြစ်သည့် ယခင် ဂျကာတာ အုပ်ချုပ်ရေးမှူး အန်နီးဘက်စ်ဝီဒန်၊ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုနှင့် အလယ်ဂျာဗားအုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာ နိုဝိုတို့သည် ရွေးကောက်ပွဲအနိုင်ရရေး အပြင်းအထန် ကြိုးစားနေကြသည်။
စနေနေ့က ပရာဘိုဝိုသည် ကလီမန်တန်ကျွန်း သို့ သွားရောက်ခဲ့ပြီး မိမိအနေဖြင့် သမ္မတ ဂျိုကိုဝီဒိုဒို ၏ မူဝါဒများကို ဆက်လက်လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မိမိတို့၏ ဓာတ်သတ္တုများကို အခြားနိုင်ငံသို့ ဈေးပေါပေါဖြင့် ရောင်းစားရန် ခွင့်ပြုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ဒုတိယသမ္မတလောင်းများ သည် စကားစစ်ထိုးခဲ့ကြသည်။ အန်နီး၏ပြိုင်ဘက် မူဟိုင်မင်အစ္စကန်ဒါက ဓာတ်သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လျစ်လျူရှုထားခြင်းကို ပြန်လည်သုံးသပ် ရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိ တို့၏ လုပ်သားများ မျက်ကွယ်ပြုခြင်းခံနေရသလို နိုင်ငံခြားသားများကိုသာ ငှားရမ်းသုံးစွဲလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။ မတော်တဆမှုများ သည် စက်ရုံများတွင် ဖြစ်ပျက်နေကြောင်း ၎င်းက ပြောသည်။
နောက်ဆုံးစစ်တမ်းရလဒ်များက ပရာဘိုဝို နှင့် ၎င်း၏ပြိုင်ဘက် ဂျိုကိုအကြီးဆုံးသား ဂီဘရန် ရာကာဘူမင် ရာကာတို့သည့် ထောက်ခံနှုန်း ၄၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ