
ဂျကာတာ ဇူလိုင် ၃၀
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်မှုများ များပြားလာသည့် အတွက် နိုင်ငံခြားသားများမှာ အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာနေကြပြီ ဖြစ်သည်။
ပျံ့နှံနေ
အိန္ဒိယတွင် ပထမဆုံး တွေ့ရှိ ရသည့် ဗီဇပြောင်း ဒယ်လ်တာ ကူးစက်မှုမှာ အင်ဒိုနီးရှားနိုင်ငံတွင် ပျံ့နှံနေပြီဖြစ်သည်။
ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံခြားသားပေါင်း ၂၀၀၀၀ ထက်မနည်း အင်ဒိုနီးရှား နိုင်ငံ ဆိုကာနို - ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြကြောင်း အာဏာ ပိုင်များက ပြောသည်။
သို့သော်လည်း ပြီးခဲ့သည့်လ အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာ သွားသည့် နိုင်ငံခြားသားပေါင်း ၂၀၀၀၀ ကျော်ရှိသည်။ ယခုလ အတွင်း ထွက်ခွာသွားသည့် နိုင်ငံခြားသား အရေအတွက်မှာ ၂၀၂၁၅ ဦးရှိသည်။
ထွက်ခွာခဲ့ကြ
ဇူလိုင်လအတွင်း အင်ဒိုနီးရှား နိုင်ငံမှ ထွက်ခွာသွားသည့် ဂျပန်နိုင်ငံသားပေါင်း ၃၃၂၀ ရှိသည်။
ထို့ပြင် တရုတ်၊ တောင်ကိုရီး ယားနှင့် အမေရိကန်နိုင်ငံ တို့မှ နိုင်ငံသားများလည်း အင်ဒိုနီးရှားနိုင်ငံမှ ထွက်ခွာ ခဲ့ကြသည်။
သေဆုံးသူ ၁၃ ဦးရှိ
ဇူလိုင်လ နှောင်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ် -၁၉ ကြောင့်သေဆုံးသွားသည့် ဂျပန် နိုင်ငံသား ၁၃ ဦး ရှိသည်ဟု ဂျကာတာရှိ ဂျပန်သံရုံးက ပြောသည်။
လာမည့်လအတွင်း အင်ဒို နီးရှားနိုင်ငံမှ ထွက်ခွာမည့် ဂျပန်နိုင်ငံသားတစ်ဦးက အင်ဒိုနီး ရှားတွင် ကျန်းမာရေးစနစ် တိုးတက်လာခြင်း မရှိသရွေ့ ပြန်လာနိုင်ဦးမည် မဟုတ်ဟု ပြောသည်။
အင်န်အိတ်ခ်ျကေ