
ဂျကာတာ ဖေဖော်ဝါရီ ၁၃
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန်သတ်မှတ်ထားသည်။ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုအား နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်သောကြောင့် စတုတ္ထမြောက်လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ဆယ်စုနှစ်တစ်စုအတွင်း နိုင်ငံ့ခေါင်းဆောင်သစ်ကို ကြိုဆိုကြရတော့မည်ဖြစ်သည်။
ယခုယှဉ်ပြိုင်မှုသည် ဂျကာတာ အုပ်ချုပ်ရေးမှူး အဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော အန်နီးစ်ဘတ်စ်ဝီဒန်နှင့် လက်ရှိအချိန်တွင် ကာကွယ် ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ပရာဘိုဝူ ဆူဘီယန်တိုနှင့် ယခင်က အလယ်ဂျာဗား ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သော ဂန်ဂျာ ပရာနိုဝူတို့ကြား သုံးဦးဆိုင် ယှဉ်ပြိုင်မှုဖြစ်သည်။
၎င်းတို့သုံးဦးသည် တစ်ဦးနှင့်တစ်ဦး အကြိတ် အနယ်ယှဉ်ပြိုင်လျက်ရှိပြီး သုံးဦးအနက် တစ်ဦးမှာ ဒုတိယသမ္မတ ဖြစ်လာမည်ဖြစ်သည်။
နောက်ဆုံး ပြည်သူ့အမြင်စစ်တမ်းများအရ ပရာဘိုဝူနှင့် ဂျိုကိုသား ဂီဘရန် ရာကာဘူမင် ရာကာတို့သည် ထောက်ခံနှုန်း ၅၁ ရာခိုင်နှုန်းကျော် ဖြင့် ဦးဆောင်လျက်ရှိသည်။
ပရာဘိုဝူအား လက်ရှိသမ္မတဂျိုကို၏ ပုံစံအတိုင်း ဆက်ခံသူ အဖြစ် မြင်ထားကြသည်။ လက်ရှိသမ္မတက ၎င်းသည် ဘက်မလိုက်ဘဲ ကြားနေသူဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း ပြည်တွင်းမီဒီယာများက ဂျိုကိုသည် ရွေးကောက်ပွဲရက်မတိုင်မီ အဓိကအား ဖြင့် နိုင်ငံ့ဆင်းရဲသားတစ်ဦးကို ငွေကြေးထောက်ပံ့ ပေးမည်ဟုကြေညာပြီး ပရာဘိုဝူအား ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲကို နိုင်ငံ့ခေါင်းဆောင်ကို ရွေးချယ် ရန် ကမ္ဘာ့အကြီးဆုံး တိုက်ရိုက်မဲပေးစနစ်ဟု ခေါ်ဆိုနိုင်ပြီး အဆိုပါရွေးကောက်ပွဲအတွက် မဲပေးသူ သန်း ၂၀၀ ကျော်ရှိကြောင်းသိရသည်။ အကယ်၍ ကိုယ်စားလှယ်လောင်းတစ်ဦးသည် ဗုဒ္ဓဟူးနေ့တွင် မဲထက်ဝက်ကျော်ရရှိပါက သမ္မတအဖြစ် ရွေးချယ် သွားမည်ဖြစ်သည်။ သို့မဟုတ်ဘဲ မဲအရေအတွက် တူနေပါက ဇွန်လတွင် ထပ်မံမဲပေးရမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ