
ဂျကာတာ မတ် ၉
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမား တြားပြည်နယ် ပက်ဆီဆီရာ ဆီလက်တန်ဒေသ၌ ရေကြီးမှု နှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသည်ဟု မတ် ၉ ရက်တွင် ပြည်တွင်းစီမံ ခန့်ခွဲမှုအေဂျင်စီက သတင်း ထုတ်ပြန်သည်။
မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့်ဖြစ်ပေါ်လာသည့် ရေကြီး မြေပြိုမှုများကြောင့် ပျောက်ဆုံး နေသူများကို ဆက်လက်ရှာဖွေ နေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟု ပက်ဆီ ဆီရာ ဆီလက်တန်ဒေသ သဘာဝ ဘေး လျော့ပါးသက်သာရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ ဒိုနီဂူဆီရယ်က ပြောသည်။
မတ် ၉ ရက် နံနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းနေဆဲဖြစ် သည်။ အချို့သော နေရာများမှာ သွားလာရေး ခက်ခဲနေဆဲဖြစ်ပြီး ပိတ်မိနေသည့် ရွာသားများကို ကယ်တင်ရန် လှေများအသုံးပြု ခဲ့သည်။ လူပေါင်း ၄၅၀၀၀ မှာ ရေကြီးမှုကြောင့် အေဂျင်စီမှ စီစဉ် ပေးထားသည့် ယာယီခိုလှုံရာ နေရာများတွင် လာရောက်နေထိုင် ကြရသည်။ နေအိမ်ပေါင်း ၂၀၀၀၀ မှာရေမြုပ်သွားပြီး တံတား ရှစ်စင်း မှာလည်း ကျိုးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ မှစတင်ကာ အဆိုပါဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းမှု ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့နှင့် ဆက်သွယ်ထားသည့် လမ်းများ ပျက်စီးခဲ့ကာ လျှပ်စစ်မီးလည်း ပြတ်တောက်ခဲ့သည်။ မိုးရာသီ တွင် အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီး မြေပြိုမှုကဲ့သို့သော သဘာဝဘေး များ ဖြစ်ပွားလေ့ရှိသည်။
ဆင်ဟွာ