အင်ဒိုနီးရှားနိုင်ငံ၌ မိုးခေါင်မှုကြောင့် ဆန်ပြတ်လပ်မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်

 

ဂျကာတာ    စက်တင်ဘာ   ၁၃


အယ်လ်နီညိုရာသီဥတုအခြေအနေကြောင့် ဖြစ်ပေါ် လာသည့်  အပူချိန်က  အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ပြင်းထန်သော မိုးခေါင်ရေရှားမှုကို ဖြစ်ပေါ်စေလျက် ရှိကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ 


နိုင်ငံ၏   အဓိကစားနပ်ရိက္ခာဖြစ်သော  ဆန် ပြတ်လပ်မှုနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများ စိုးရိမ်ပူပန်မှု  မြင့်တက်လျက်ရှိကြောင်း သိရသည်။ အင်ဒိုနီးရှားသမ္မတ  ဂျိုကိုဝီဒိုဒိုသည်    တနင်္လာ နေ့တွင်  နိုင်ငံ၏မြို့တော်  ဂျကာတာအနီးရှိ    ဆန် သိုလှောင်ရုံသို့ သွားရောက်ခဲ့သည်။ 


ယင်းနောက်တွင်  ဝီဒိုဒိုက    အင်ဒိုနီးရှားနိုင်ငံ အနေဖြင့်  သိုလှောင်သိမ်းဆည်းထားသော   ဆန် အများအပြားရှိကြောင်း ပြောသည်။  ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက် ပြီး  အလွန်အမင်း   စိုးရိမ်စရာမလိုအပ်ကြောင်း ထပ်လောင်းပြောသည်။ 


ထို့အပြင် အစိုးရအနေဖြင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စု ၂၁ သန်းကျော်အတွက် ဆန်များကို အခမဲ့ဖြန့်ဝေပေးမှု စတင်နေပြီဖြစ်ကြောင်းလည်း သမ္မတ ဝီဒိုဒိုက ပြောသည်။  အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ထိပ်တန်း ဆန်ထုတ်လုပ်သည့် နိုင်ငံများအနက်   တစ်နိုင်ငံအဖြစ်  လူသိများသော်လည်း ယခုနှစ်တွင်  မိုးခေါင်ရေရှားမှုနှင့်  ကြုံတွေ့နေရသည်။ အာဏာ ပိုင်များက  ဆန်ထုတ်လုပ်သည့် ပမာဏကျဆင်းလာ ဖွယ်ရှိသည်ဟု ယုံကြည်နေသည်။ 


အစိုးရသည် နိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ် သော ဆန်ကို  အခြားသောနိုင်ငံများမှ တင်သွင်းရန် ဆုံးဖြတ်ထားကြသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ သည်  ဆန်တင်သွင်းမှုနှင့်ပတ်သက်ပြီး   ကမ္ဘော ဒီးယား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့်   ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

                                  
အင်န်အိတ်ချ်ကေ