အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄ ဒသမ ၂ သန်း‌ကျော်ရှိလာ

ဂျကာတာ  နိုဝင်ဘာ  ၂၅


အင်ဒိုနီးရှားနိုင်ငံ၌   ယနေ့တွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၂ ဦး  ထပ်မံတွေ့ရှိသဖြင့်    နိုင်ငံအတွင်း    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၂၅၄၈၁၅ ဦး ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 


ထို့ပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၁၄၃၇၈၂ ဦးရှိလာပြီး   ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာ သူပေါင်း  ၄၁၀၂၉၉၃ ဦး  ရှိလာကြောင်း  သိရသည်။  တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotechမှ ထုတ်လုပ်သော   CoronaVac  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအား  နိုင်ငံအတွင်း အသုံးပြုရန်  တာဝန်ရှိသူများက ခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ရက်မှ စတင်၍  ကိုဗစ်-၁၉ရောဂါ   ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ  စတင်ဆောင်ရွက်ခဲ့သည်။ 


နိုင်ငံအတွင်း  လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ ၁၃၆ ဒသမ ၇၁ သန်းကျော်ရှိပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူ  ၉၂ ဒသမ ၂၇ သန်း ကျော်ရှိကာ  လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေပေါင်း  ၂၃၀ ဒသမ ၂၀ သန်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ