အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူစုစုပေါင်း ခြောက်သန်းကျော်အထိရှိလာ


 

ဂျကာတာ မတ် ၂၉
အင်ဒိုနီးရှားနိုင်ငံ၌  ကိုဗစ် -၁၉ ကပ်ရောဂါ    စတင်ဖြစ်ပွားသည့် အချိန် ၂၀၂၀  ပြည့်နှစ်  မတ်လမှ စတင်ကာ     ယခုအချိန်အထိ ကိုဗစ်-၁၉     ကူးစက်ခံရသူ  စုစုပေါင်း   ခြောက်သန်းကျော်    ရှိလာပြီဟု သိရသည်။   မတ် ၂၈ ရက်တွင် နောက်ထပ်ကူးစက်ခံရသူ ၂၇၉၈ ဦး ထပ်တိုးလာသည့်အတွက်   စုစု ပေါင်းကူးစက်ခံရသူ     ဦးရေ မှာ ၆၀၀၁၇၅၁  ဦး ရှိလာသည်။ သေဆုံးသူမှာလည်း  ၁၀၄  ဦး ထပ်တိုးခဲ့သည်။    
ထို့ကြောင့်   သေဆုံးသူစုစု ပေါင်း  ၁၅၄၇၇၄  ဦးအထိ  ရှိလာခဲ့ သည်။  ယခုအချိန်အထိ  ပြန်လည် ကျန်းမာလာသူ ဦးရေမှာ ၅ ဒသမ ၇ သန်းကျော်    ရှိပြီဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက  ပြော သည်။ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကျန်းမာ‌ရေး ဝန်ကြီးဌာနမှ   ကာကွယ်ဆေး ထိုးနှံပေးခြင်း   လုပ်ငန်းများကို အရှိန်အဟုန်မြှင့်    ဆောင်ရွက် လျက်ရှိရာ  လူဦးရေ၏  ၁၉၅ ဒသမ ၉၅ သန်းမှာ ကာကွယ်ဆေး  တစ်ကြိမ်    ထိုးပြီးဖြစ်သည်။   လူဦးရေ  ၁၅၇ ဒသမ ၉၇ သန်းမှာ  နှစ်ကြိမ် ထိုးပြီးပြီဟု သိရသည်။ လူဦး ရေ ၂၀၈ ဒသမ၂ သန်းကို  ကာကွယ်ဆေးအပြည့် ထိုးပေးရန်  ရည်ရွယ်၍     အစိုးရသည် တတိယအကြိမ် ကာကွယ်ဆေး    ထိုးပေးခြင်းအပါအဝင်    ကာကွယ် ဆေးအလုံးရေ  ၃၇၄ ဒသမ ၀၆ သန်းကို       ထိုးနှံပေးခဲ့ပြီးဖြစ် သည်။                            ဆင်ဟွာ