
ဂျကာတာ သြဂုတ် ၇
အင်ဒိုနီးရှားနိုင်ငံ၌ ဈေးဝယ်ထွက်သူများ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ကို သက်ဆိုင်ရာ ဈေးဝင်ပေါက်များရှိ တာဝန် ရှိသူများအား ပြသရန်လိုအပ်ကြောင်း သိရသည်။
နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လျက်ရှိ သည့်အတွက် ယင်းသို့ ဆောင်ရွက်ခြင်းဖြစ် ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။
ယခု ရက်အနည်းငယ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ နေ့စဉ်ကူးစက်မှုအရေ အတွက် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ မြင့်တက် လျက်ရှိသည်။ ရောဂါကူးစက်မှုကြောင့် နေ့စဉ် သေဆုံးမှုအရေအတွက်သည် ၁၅၀၀ အထိ မြင့်တက်လျက်ရှိသည်။ အဆိုပါ နေ့စဉ်သေဆုံးမှုအရေအတွက် သည် ကမ္ဘာ့နိုင်ငံများအနက် အများဆုံး ဖြစ်သည်။
မြို့တော်ဂျကာတာ၌ ကျန်းမာရေး ဆိုင်ရာစည်းမျဉ်းအသစ်များကို ထပ်မံ ချမှတ်လျက်ရှိသည်။ မြို့တော်အတွင်း ဈေးဝယ်ထွက်သူများသည် အနည်းဆုံးကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးသူများဖြစ်ရမည်ဟု အဆိုပါစည်းမျဉ်း အသစ်များတွင် သတ်မှတ်ပါရှိသည်။
ထို့ပြင် အရေးပါသည့်လုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရသည့် ဝန်ထမ်း များသည်လည်း လုပ်ငန်းခွင်သို့ လာရောက် သည့်အခါ ကာကွယ်ဆေးထိုးနှံထားသည့် သက်သေခံလက်မှတ် ပြသရမည်ဖြစ် ကြောင်း အဆိုပါစည်းမျဉ်းအသစ်များတွင် ဖော်ပြထားသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံမှု သက်သေခံလက်မှတ်၏ အရေးပါမှုကို စည်းမျဉ်းများတွင် ထည့်သွင်းရေးဆွဲခြင်း သည် နိုင်ငံသားများအား ကာကွယ်ဆေး လာရောက်ထိုးနှံရန် တွန်းအားပေးမှုတစ်ခု ဖြစ်သည်။
သို့သော် ကာကွယ်ဆေးပြတ်လပ်မှု များရှိခဲ့သည့်အတွက် လက်ရှိအချိန်အထိ နိုင်ငံလူဦးရေ ၄၅ ရာခိုင်နှုန်းဝန်းကျင်ခန့် သာ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်