အင်ဒိုနီးရှားနိုင်ငံ၌ ဒူကိုနိုမီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်ထိပ်အထက် မီတာ ၅၀၀၀ အထိ ပြာများလွင့်စဉ်

 

 

ဂျကာတာ  မေ  ၁၇

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း မာလူကူပြည်နယ်ရှိ ဒူကိုနိုမီးတောင်သည် မေ ၁၇ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မီးတောင်ပြာများမှာ တောင်ထိပ်အထက် မီတာ ၅၀၀၀ အထိ လွင့်စဉ်သွားကြောင်း နိုင်ငံ၏ မီးတောင်ဗေဒနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်လျော့ပါးရေးစင်တာ က ပြောကြားသည်။

 

အမြင့် ၁၀၈၇ မီတာရှိသည့် အဆိုပါမီးတောင်သည် လက်ရှိတွင် ဒုတိယအမြင့်ဆုံး   သတိပေးချက် အဆင့်၌ရှိနေကြောင်း    သိရသည်။ အာဏာပိုင်များက မီးတောင်ထိပ်ဝ၏ ၄ ကီလိုမီတာအချင်းဝက် အတွင်း သွားလာလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန်နှင့် မီးတောင်ပြာများကြောင့် ဖြစ်ပေါ်နိုင်သည့်    အသက်ရှူလမ်းကြောင်းဆိုင်ရာအန္တရာယ်များ လျော့နည်းစေရေး မျက်နှာဖုံးများ အသင့်ပြင်ဆင်ထား ကြရန် ဒေသခံများနှင့် ခရီးသွားများအား တိုက်တွန်းထားသည်။

ဆင်ဟွာ