
ဂျကာတာ ဇူလိုင် ၂၉
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီပြည်နယ် ၌ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် သုံးဦးသေဆုံးပြီး လေးဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ ပျောက်ဆုံးသူများကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေကြောင်း ပြည်နယ်သဘာဝဘေး အန္တရာယ်အေဂျင်စီမှ အဆင့်မြင့်အရာရှိတစ်ဦးက ဇူလိုင် ၂၉ ရက်က ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ပြီး ပါရီဂီမိုတွန် ဒေသ တိုရုရွာရှိ နေအိမ်များ ရေမြုပ်ခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ လုပ်ငန်းဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် အီဒရမ် အမ်တီ လိုပိက ပြောသည်။
မိမိတို့ရွာတွင် ဇူလိုင် ၂၈ ရက်ညက ရေများ ရုတ်တရက်ကြီးလာပြီး အိမ်များနှင့် အဆောက်အအုံ များအားလုံး ရေလွှမ်းမိုးနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ရေဘေးသင့်ဒေသများအားလုံးကို စစ်ဆေးပြီး နောက် ရေကြီးနစ်မြုပ်မှုကြောင့် လူသုံးဦးသေဆုံး ကြောင်းနှင့် လေးဦးပျောက်ဆုံးနေကြောင်း၊ ပျောက် ဆုံးသူများကို ရှာဖွေကယ်ဆယ်ရေး အရာရှိများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း ၎င်းက ပြောသည်။
အိမ်များအားလုံးပေါ်သို့ တစ်မီတာအထိ ရေလွှမ်းနစ်မြုပ်ခဲ့သောကြောင့် ဒေသခံများသည် ကုန်းမြင့်များရှိ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစခန်းများသို့ သွားရောက်ခိုလှုံခဲ့ရကြောင်း၊ ကယ်ဆယ်ရေးစခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးစခန်းများကို သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးအတွက် ဖွင့်လှစ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ဆင်ဟွာ