
ဂျကာတာ စက်တင်ဘာ ၆
အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူလာဝေဆီတွင် ရေလွှမ်းမိုးမှုဒဏ်ကို လူပေါင်း ၃၃၀ ထက်မနည်း ခံစားခဲ့ရပြီး နေအိမ်ပေါင်း ၉၀ ရေနစ် မြုပ်ခဲ့ရသည်ဟု အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက စက်တင်ဘာ ၅ ရက်တွင် ပြောသည်။
စက်တင်ဘာ ၄ ရက်နေ့ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် အန်ဒူ၊ ကနုဆွမ်နှင့် ဆာလုခတ်ဒေါင်ဒန်မြစ်တို့ ရေကြီးပြီး ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည်ဟု အဆိုပါအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာရီက ပြောသည်။ စပါးလယ်ကွင်း ၁၀၀ ဟက်တာနှင့် ကိုကာစိုက်ခင်း ၂၁ ဟက်တာတို့ ရေလွှမ်းခဲ့ရပြီး အဓိကတံတား နှစ်စင်းမှာလည်း အောက်ခြေတွင် တိုက်စားမှုဖြစ်ပေါ်ခဲ့သည်ဟု သိရ သည်။
စက်တင်ဘာ ၅ ရက်တွင် ရေပြန်လည်ကျဆင်းသွားပြီး လမ်းပေါ် တွင် တင်ကျန်ရစ်ခဲ့သည့်အမှိုက်သရိုက်များကို ရှင်းလင်းနေကြပြီ ဖြစ်သည်။
ဆင်ဟွာ