အင်ဒိုနီးရှားနိုင်ငံ ဘောလုံးပြိုင်ပွဲကွင်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃၁ ဦးရှိလာ

 

ဂျကာတာ အောက်တိုဘာ ၅


အင်ဒိုနီးရှားနိုင်ငံ  အရှေ့ဂျာဗား ပြည်နယ်၌   ပြီးခဲ့သည့်သီတင်း ပတ်က   ဘောလုံးပြိုင်ပွဲယှဉ်ပြိုင် ကစားပြီးနောက်   ကွင်းအတွင်း ရုန်းရင်းဆန်ခတ်        ဖြစ်ပွားမှုမှ သေဆုံးသူ စုစုပေါင်း  ၁၃၁   ဦး အထိ ရှိလာကြောင်း   အင်ဒိုနီးရှား ရဲတပ်ဖွဲ့က  အောက်တိုဘာ    ၅ ရက်တွင်  အတည်ပြုပြောသည်။ 

 


အစောပိုင်းတွင်    ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်ရပ်အတွင်း သေဆုံးသူ အရေအတွက်မှာ အောက်တိုဘာ ၄  ရက်အထိ ၁၂၅ ဦးရှိကြောင်း ပြောကြားထားသည်။   ရုန်းရင်း ဆန်ခတ်ဖြစ်ပွားမှုမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က အင်ဒိုနီးရှားလိဂ်ပြိုင်ပွဲတစ်ခု၌ အရီမာ မာလန်းအသင်းက ပါဆီဘာရာ ဆာရာဘာရာအသင်းကို  ရှုံးနိမ့် ပြီးနောက် မာလန်းမြို့ရှိ  ကန်ဂျာ ရူဟန်ကွင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။   ကမ္ဘာ့အဆိုးရွားဆုံး ကွင်းအတွင်း   ရုန်းရင်းဆန်ခတ်မှု တစ်ခုဖြစ်သည့်    အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက်  အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တို ဘာ ၅      ရက်တွင်    မာလန်းမြို့သို့ သွားရောက်ခဲ့သည်။ 

 


အင်ဒိုနီးရှားအစိုးရက   ရုန်း ရင်းဆန်ခတ်ဖြစ်ပွားမှုမှ ဖြစ်ရပ် အမှန်ကို စုံစမ်းစစ်ဆေးဖော်ထုတ် ရန်   လွတ်လပ်သော    အချက် အလက်ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။      

                                   
ဆင်ဟွာ