အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင်  အင်အားအသင့်အတင့်ရှိ  ငလျင်လှုပ်

 

 

ဂျကာတာ   ဧပြီ     ၂၅ 
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာပြည်နယ်တွင် ဧပြီ ၂၅ ရက်အစောပိုင်းက အင်အားအသင့်အတင့် ရှိသော ငလျင်တစ်ခုလှုပ်ခဲ့ကြောင်း မိုးလေဝသ၊ ရာသီ ဥတုနှင့် ဘူမိရူပဗေဒအဖွဲ့က ပြောကြားလိုက်သည်။ 
ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်သည် ဂျကာတာစံတော်ချိန် နံနက် ၆ နာရီ မိနစ် ၅၀ တွင် ကီရွန်းဒေသ အနောက်တောင်ပိုင်း ၄၃ ကီလိုမီတာကို ဗဟိုပြု၍   မြေအောက်အနက်  ၈၇  ကီလိုမီတာ၌ လှုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြား လိုက်သည်။ 
အဆိုပါငလျင်သည် ဆူနာမီဖြစ်စေမည့်အလားအလာမရှိကြောင်း ၎င်းအေဂျင်စီက ပြောသည်။ 
ဆင်ဟွာ