အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်

 

ဂျကာတာ  ဒီဇင်ဘာ  ၈


အင်ဒိုနီးရှားနိုင်ငံ  အနောက်ပိုင်း    အနောက်ဂျာဗား       ပြည်နယ်၌ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ပြင်းအား  ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု     လှုပ်ခဲ့ကြောင်း မိုးလေဝသ၊   ရာသီဥတုဗေဒနှင့် ဘူမိရူပအေဂျင်စီက   ပြောကြား သည်။

 


အဆိုပါငလျင်သည်     နံနက် ၀၇ နာရီ  ၅၀ မိနစ်တွင်  လှုပ်ခဲ့ပြီး ငလျင်ဗဟိုချက်မှာ     အနောက် ဂျာဗားပြည်နယ် ဆူခါဘူမီခရိုင်၏ အရှေ့တောင်ဘက် ၂၂ ကီလိုမီတာ တွင် တည်ရှိသည်။ ငလျင်အနက် မှာ မြေအောက် ၁၂၂ ကီလိုမီတာရှိ ကြောင်း   ငလျင်နှင့်   ဆူနာမီလျော့ ပါးရေးဌာနမှ  အကြီးအကဲဖြစ်သူ ဒါယိုနိုက ပြောကြားသည်။ ငလျင် လှုပ်မှုကြောင့် ဆူနာမီဖြစ်ပေါ်ရန်   အလားအလာ      မရှိကြောင်း အေဂျင်စီက ပြောကြားသည်။ 

 


အနောက်ဂျာဗား  ပြည်နယ် တွင်  ပြီးခဲ့သည့်လက ပြင်းအား ၅  ဒသမ  ၆ အဆင့်ရှိ  ငလျင်လှုပ် သဖြင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ ကြောင်း သိရသည်။        

                 
ဆင်ဟွာ