
ဂျကာတာ မတ် ၂၁
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားရှိ ဘိုဂေါဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအရာရှိ တစ်ဦးက မတ် ၂၁ ရက်က ပြောကြားလိုက်သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်သည် လက်ဖက် စိုက်ခင်းများဝိုင်းရံထားသော ထင်ရှားကျော်ကြား သည့် တောင်ပေါ်အပန်းဖြေနေရာတစ်ခုဖြစ်သည့် ပန်ကတ်တွင် မတ် ၂၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အဲရစ် နာဂျက်မီကို က သေဆုံးသူမောင်နှမနှစ်ဦးသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောက်ကမ်းပါး နားရှိ လက်လုပ်တဲတစ်ခုတွင် နားခိုခဲ့ကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူနှစ်ဦးမှာ ဒေသခံမုန့်ကိုယ်စားလှယ် များဖြစ်ကြောင်းနှင့် မြေပြိုမှုဖြစ်ပွားမည့်နေရာ တွင် နားခိုခဲ့ကြောင်း အဲရစ်နာဂျက်မီကိုက သတင်း ထောက်များကို ပြောကြားသည်။
အဆိုပါ မြေပြိုမှုဖြစ်ပွားခဲ့သည့်နေရာနှင့် ဝေးဝေး နေရန် ဒေသဆိုင်ရာအာဏာပိုင်များက ပြည်သူလူထု ကို သတိပေးနှိုးဆော်ထားသည်။
ရေကြီးခြင်းနှင့် မြေပြိုခြင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များသည် အင်ဒိုနီးရှားနိုင်ငံ၌ မိုးရာသီ တွင် ဖြစ်ပွားလေ့ရှိသည်။
ဆင်ဟွာ