အင်ဒိုနီးရှား၌ သားငါးနှင့် ဟင်းသီးဟင်းရွက် ထိန်းချုပ်ကာကွယ်ရေးဥပဒေသစ် စတင်

 

ဂျကာတာ   ဇွန်   ၉


အင်ဒိုနီးရှားနိုင်ငံ    စိုက်ပျိုးရေး ဝန်ကြီးဌာန အင်ဒိုနီးရှားစိုက်ပျိုးထွက်ကုန်များ ထိန်းချုပ်ကာကွယ် ရေး   အေဂျင်စီ   (Indonesian Agricultural    Quarantine Agency-IAQA) သည်   Fresh Food of Plant Origin (FFPO) များအတွက်     ခြေရာခံမှုစနစ် ပိုမိုတိုးတက်စေရန် အသားငါးနှင့် ဟင်းသီးဟင်းရွက် ထွက်ကုန်များ ထိန်းချုပ်  ကာကွယ်ရေးဆိုင်ရာ ဥပဒေအသစ်   ပြဋ္ဌာန်းထားရှိပြီး စတင်ဆောင်ရွက်နေပြီဖြစ်သည်။

 


IAQA အနေဖြင့် အင်ဒိုနီးရှား နိုင်ငံသို့ တင်ပို့သည့် Fresh Food of Plant Origin (FFPO)  များ အတွက်   ကြိုတင်အသိပေးခြင်း စနစ်(Prior Notice System)ကို ပြင်ဆင်      မွမ်းမံသွားမည်ဖြစ် ကြောင်း၊ မြန်မာပို့ကုန်တင်သွင်း သူများအတွက်  အင်ဒိုနီးရှားနိုင်ငံ သို့   တင်ပို့သည့်    ကုန်ပစ္စည်း မရောက်မီ ကြိုတင်အသိပေးခြင်း ကို  http://karantina.pertanian.go.id  (သို့မဟုတ်)http:// notice. karantina. pertanian. go.id ဝက်ဘ်ဆိုက်တွင်   အွန်လိုင်းစနစ် ဖြင့်       ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းစနစ်သည်     မေလအတွင်းက စတင်အသက်ဝင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။                                           ခင်ရတနာ စုစည်းဖော်ပြသည်၊၊