
ဂျကာတာ ဧပြီ ၂၉
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်း၏ မြောက်ပိုင်း၌ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းက လိုင်စင်မဲ့ ရွှေတွင်းတစ်ခု၌ မြေပြိုကျမှု ဖြစ်ပွားရာ အလုပ်လုပ်နေသည့် အမျိုးသမီး အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲဝန်ထမ်းက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ဒါလိုင်းမာဘန်းကျေးရွာ အတွင်း တရားမဝင်ရွှေတွင်း တစ်ခု၌ မြေပြိုကျမှု မဖြစ်ပွားမီက လူအများအပြားမှာ ရွှေတူးဖော် ခဲ့ကြကြောင်း ခရိုင်ရဲမှူး ရီဇာချဲရူး က ဒေသခံမီဒီယာကို ပြောကြား သည်။
ကမ်းပါး အစိတ်အပိုင်းမှာ ရုတ်တရက် ပြိုကျခဲ့ပြီးနောက် အမျိုးသမီးများကို ထိမှန်ပြီး မြေထဲတွင် နစ်မြုပ်သွားခဲ့ကြောင်း၊ မြေပြိုကျမှုဖြစ်ပွားရာနေရာတွင် အာဏာပိုင်များက စုံစမ်းစစ်ဆေး နေဆဲဖြစ်သည်ဟု ခရိုင်ရဲမှူး ရီဇာ ချဲရူးက ဆက်လက်ပြောကြား သည်။
မြေပြိုကျမှု ဖြစ်ပွားခြင်း ကြောင့် ၁၄ ဦးမှာ မြေထဲတွင် နစ်မြုပ်သွားခဲ့ပြီး နှစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေဆုံးသူများကိုလည်း ရှာဖွေ ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်များထံ ပို့ဆောင်ပေးခဲ့ကြောင်း ခရိုင်ရဲမှူး ရီဇာ ချဲရူးက ပြောကြားသည်။
ပြီးခဲ့သည့် နှစ်ကလည်း ဆူလာဝေဆီပြည်နယ် အလယ်ပိုင်း တွင် လိုင်စင်မဲ့သတ္တုတွင်း တစ်ခု၌ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ သတ္တုတွင်း အလုပ်သမား ခြောက်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ