
ဂျကာတာ ဇူလိုင် ၁၃
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း တွင် ခရီးသည် ၁၀၉ ဦးကို တင်ဆောင်လာသည့် သင်္ဘောမှာ ဇွန် ၁၂ ရက် မွန်းလွဲပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရ သည်။
သို့သော်လည်း ခရီးသည်များ အားလုံးနှင့် သင်္ဘောအမှုထမ်း များအားလုံးကို လုံခြုံစိတ်ချစွာ ကယ်တင်နိုင်ခဲ့သည်ဟု အရာရှိ တစ်ဦးကပြောသည်။
ဘန်ကာ ရေလက်ကြားကို ဖြတ်သန်းစဉ်အတွင်း အဆိုပါ သင်္ဘောမီးလောင်ခဲ့ခြင်း ဖြစ် သည်။
သင်္ဘောအင်ဂျင်ခန်းမှ မီး စတင်လောင်ခဲ့ခြင်းဖြစ်သည်ဟု ကပူလာအန် ဘန်ကာဘီလီတန် ပြည်နယ်မှ အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့ခေါင်းဆောင် အက်စ်ဝင် အဘူနာဝါက ပြောသည်။
အဆိုပါ သင်္ဘောမှာ တောင်ပိုင်း ဆူမားတြားသို့ ဦးတည် ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။
သင်္ဘောပေါ်ရှိ ခရီးသည်များ တွင် ကလေးခြောက်ဦးလည်း ပါဝင်သည်ဟု သိရသည်။
ယခုအခါ ခရီးသည်များ အားလုံးကို လုံခြုံစိတ်ချရ သည် ဆိပ်ကမ်းသို့ ပို့ဆောင် ပေးပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
ဆင်ဟွာ