
ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ်၌ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့် အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ/အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် မိသားစုဝင်များ အား အင်းစိန်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် သတ် မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ထိုးနှံပေးရာတွင် အင်းစိန်မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ကြီးကြပ် စောင့်ရှောက်ခဲ့ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့် အခြေခံကျန်းမာရေး ကျွမ်းကျင် ပညာရှင်များက အဖွဲ့များခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုး နှံပေးသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း ၁၁၂၂၇ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီး ဆက်လက် ထိုးနှံလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)