အင်းစိန်မြို့နယ် ရွေ့လျားဈေးကား ရောင်းချမှုနှင့် မြို့နယ်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဩဂုတ်   ၂၅


အင်းစိန်မြို့နယ်    ဖန်ချက်စက်ရုံ လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာ ဝင်း၌ ရွေ့လျားဈေး ကား(Mobile Market) စနစ်ဖြင့်  ကုန်စိမ်းများ၊ မီးဖိုချောင်သုံး   ကုန်ခြောက်မျိုးစုံ၊   အသားမျိုးစုံနှင့်     ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ  ငါး၊ ပုစွန် အမျိုးမျိုး   ရောင်းချပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီး     စည်ပင် သာယာရေးဝန်ကြီး     ရန်ကုန် မြို့တော်        စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ    (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင်       ကြည့်ရှု စစ်ဆေးသည်။


ထို့နောက်    မြို့တော်ဝန်နှင့် အဖွဲ့သည်     ယင်းအိမ်ရာဝင်း အတွင်း ဖြတ်သန်းစီးဆင်းနေသော ကသွယ်ချောင်းကို     ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ         ဆယ်ယူ ရှင်းလင်းတူးဖော်နေမှု၊    အင်ဂျင် နီယာဌာန   (အဆောက်အအုံ)မှ အလျားပေ ၉၀ ၊   အနံ ၃၆ ပေရှိ ၆ ခန်းတွဲ     ဝန်ထမ်းအိမ်ခန်း အဆောက်အအုံလေးလုံး  တည် ဆောက်နေမှု၊  ဖန်ချက်စက်လမ်း တစ်လျှောက်    မြေသားမြောင်း များတူးဖော်နေမှု၊    အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်း နေမှုနှင့်     လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး    ဆောင် ရွက်နေမှုတို့ကို    လည်းကောင်း၊ မရမ်းကုန်းမြို့နယ်      ကမ္ဘာအေး ဘုရားလမ်းဘေး     ဝဲ/ယာနှင့် မြကျွန်းသာအတွင်း      သစ်ပင်များ အား  ပန်းဥယျာဉ်နှင့်   အားကစား ကွင်းများဌာနမှ     ရှင်းလင်းခြင်း၊ ပုံသွင်းခုတ်ထွင်ခြင်း   ဆောင်ရွက် နေမှုများကို    လည်းကောင်း၊ အင်းလျားကန်ပေါင်တစ်လျှောက် လူသွားစင်္ကြံ         ပြုပြင်ထိန်း သိမ်းထားမှုနှင့်        လမ်းနီဘတ်စ် ကားမှတ်တိုင်၊     တက္ကစီယာဉ် များ        ရပ်နားရန်    နေရာတို့ကို လည်းကောင်း  ကြည့်ရှုစစ်ဆေး ပြီး    လိုအပ်သည်များ        မှာကြား သည်။ 


   သတင်းစဉ်