အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၅၄ ဦး၊ အကျဉ်းသူ ခြောက်ဦး၊ ပေါင်း ၁၆၀ တို့ကို စနစ်တကျလွှတ်ပေး

 

ရန်ကုန်   ဧပြီ   ၁၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့်    အင်းစိန်ဗဟိုအကျဉ်းထောင် တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူများအနက် အကျဉ်းသား ၁၅၄ ဦး၊ အကျဉ်းသူ ခြောက်ဦး၊  ပေါင်း ၁၆၀ တို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ  ယနေ့ နံနက် ၁၁ နာရီခန့်တွင်  စနစ်တကျ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 


အဆိုပါ   ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူများကို   လွှတ်ပေးသည့်    အခမ်းအနား ကို   အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်း  မိုးလုံလေလုံ အားကစားရုံခန်းမတွင်     ယနေ့   နံနက်ပိုင်းက ကျင်းပရာ  အခမ်းအနားသို့   အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး  ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဦး၊   အင်းစိန်ဗဟိုအကျဉ်းထောင်   တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းအောင်၊ ရန်ကုန်မြောက်ပိုင်းခရိုင်     ရဲတပ်ဖွဲ့မှူး    ဒုတိယ ရဲမှူးကြီး  တင်ထွန်းနှင့်    မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် အကျဉ်းထောင် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

 


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီး မှူး ညွှန်ကြားရေးမှူး ဦးမျိုးဦးနှင့် ရန်ကုန်မြောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းတို့က လွတ်မြောက်သည့် အကျဉ်းသား/အကျဉ်းသူများကို ဆုံးမဩဝါဒစကား    ပြောကြားပြီး   အကျဉ်းသား/အကျဉ်းသူများကို ထောင်လွတ်လက်မှတ်၊ စားစရိတ်၊   ခရီးစရိတ်နှင့်    လုပ်အားခငွေများ     ပေးအပ်ကာ   သက်ဆိုင်ရာ   မြို့နယ်အလိုက်    YBS    မော်တော် ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။ 


သတင်းစဉ်