
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီး အတွင်း၌ သံဃာ့ဆေးကုသ ဆောင် နှစ်ထပ်ဆောင်သစ်ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းက အင်းစိန် မြို့နယ် အဆိုပါဆေးရုံသစ်ကြီး ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂ မဟာပဏ္ဍိတ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တတိလော ကာဘိဝံသ၊ ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်း ဆရာတော်ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က ဆေး ကုသဆောင် နှစ်ထပ်ဆောင်သစ် ကို ဖဲကြိုးဖြတ်၍ လည်းကောင်း ၊ ဆရာတော်ကြီး နှစ်ပါးက ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေးကြပြီး နှစ်ထပ်ဆောင် သစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အောင် ဆန်းတောရ တပ်ဦးကျောင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး တို့က ဆရာတော်အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍ အောင်ဆန်း ဆရာတော်က မတည်ဦးဆောင်ပြီး တပည့်သံဃာ ဒါယကာ ဒါယိကာ မများ စုပေါင်း၍ ဆေးရုံလှူဒါန်း ခြင်းနှင့် စပ်လျဉ်း၍ ဝမ်းမြောက် ကျေးဇူးတင်စကား လျှောက်ထား ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ အခမ်းအနား ကြွရောက်တော် မူလာကြကုန် သော ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အောင်ဆန်းဆရာ တော်ထံမှ ရေစက်ချအနုမောဒနာ တရားနာကြားပြီး သံဃာတော် များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ၍ အခမ်းအနား ရုပ်သိမ်းလိုက် သည်။ ဆန်းကျော်ဦး(ပြန်/ဆက်)