
နေပြည်တော် မတ် ၆
အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ပြင်းထန်စွာရိုက်နှက်ပြီး တိုက်ပိတ်ထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် လုပ်ကြံရေးသားပြီး ပြည်သူများ အထင်အမြင်လွဲမှား စေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
ဖြစ်စဉ်အမှန်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် အိပ်ဆောင်ဝင်းအတွင်းရှိ မြေကွက်လပ်တွင် အကျဉ်းသားများသည် ဘောလုံးကစားခဲ့ကြကြောင်း၊ ထိုသို့ ဘောလုံးကစားကြစဉ် လက်လုပ် ဗုံး ငါးလုံး လက်ဝယ်တွေ့ရှိမှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ကိုထက် (ခ) ထက်လင်းသူအား တစ်ဖက်အသင်းမှ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဗုံးဖောက်ခွဲမှုဖြင့် ပြစ်ဒဏ်ကျခံနေရ သော အကျဉ်းသား သက်ကိုကိုထွေး (ခ) ထွေးလေးက ကြမ်းတမ်းစွာ ဘောလုံးကစားသည်ဟု ပြောဆိုကာ လည်ပင်းအားပြေး၍ တွန်းခဲ့ ကြောင်း။
ထိုစဉ် လူသတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား မြတ်နိုးမောင်နှင့် အကြမ်းဖက်ရန် လှုံ့ဆော်ခြင်း၊ အကြမ်းဖက်သမား များကို အကာအကွယ်ပေးခြင်း ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား သော်ဇင်ဦးတို့သည် အကျဉ်းသား ကိုထက်(ခ)ထက်လင်း သူ၏ နားအုံအား ပြေး၍ရိုက်ခြင်း ပြုလုပ်ခဲ့ကြကြောင်း အင်းစိန်ဗဟို အကျဉ်းထောင် တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။
ထိုသို့ ဖြစ်ပွားခဲ့သည့်အတွက် တာဝန်ကျဝန်ထမ်းက ယင်း အကျဉ်းသားလေးဦးကို စည်းကမ်းထိန်းရုံးသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း၊ တာဝန်ရှိအရာရှိများက ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းခဲ့ရာ အကျဉ်းထောင်အတွင်း အကျဉ်းသားအချင်းချင်း စကားများရန်ဖြစ်၍ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်စည်းကမ်း များအား ဖောက်ဖျက်ခဲ့ကြသည့်အတွက် ယင်းအကျဉ်းသား လေးဦးကို အကျဉ်းထောင် အက်ဥပဒေနှင့်အညီ တိုက်ပိတ်ပြစ်ဒဏ် ၁၄ ရက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခန်းလူကြီးအကျဉ်းသားက ခိုက်ရန် ဖြစ်ပွားသည့် အကျဉ်းသားများကို ရိုက်နှက်ခဲ့ခြင်းမရှိကြောင်း အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရှိရသည့်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit သည် ပြည်သူများ အထင်အမြင် လွဲမှား စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားခြင်းသာ ဖြစ်သည်။
ကိုပိုက်