အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၄၇ဦး  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်


 

ရန်ကုန် အောက်တိုဘာ ၁၈


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၁၈၆/ ၂၀၂၁)နှင့် အမိန့်အမှတ် (၁၈၇/၂၀၂၁) တို့ ဖြင့်                  ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နှင့်  ကြားနာစစ်ဆေး ဆဲ      ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခဲ့ရာ            အင်းစိန်ဗဟို အကျဉ်းထောင်မှ    အကျဉ်းသား/သူ  ၆၄၇ ဦး      ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်ဖြင့်       လွတ် မြောက်ခဲ့ကြောင်း သိရသည်။
အင်းစိန်ဗဟို အကျဉ်းထောင် မှ  လွတ်ငြိမ်းသက်သာခွင့်ရရှိသည့် အကျဉ်းသား/  အကျဉ်းသူများ အား  လွှတ်ပေးခြင်းအစီအစဉ်ကို ယနေ့ညနေပိုင်းတွင်     ရန်ကုန် တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန အင်းစိန်ဗဟို  အကျဉ်းထောင်ဝင်းအတွင်းရှိ   မိုးလုံ လေလုံ  အားကစားရုံခန်းမ၌   ဆောင်ရွက်သည်။
အဆိုပါ အစီအစဉ်သို့   ရန်ကုန်တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေး  ကောင်စီဝင် ဗိုလ်မှူးကြီး  ဝင်းတင့်၊ ကောင်စီအတွင်းရေးမှူး   ဦးစိုးစိုးဇော်၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၊  အကျဉ်းဦးစီးဌာန ရန်ကုန် တိုင်းဒေသကြီး   ဦးစီးမှူး၊  တာဝန်ရှိသူများနှင့်    ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ရရှိကြသည့် အကျဉ်း သား အကျဉ်းသူများ   တက်ရောက်ကြပြီး   ရန်ကုန် တိုင်းဒေသကြီး     စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဝင်းတင့်နှင့်      ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်တို့က ဆုံးမဩဝါဒ စကား ပြောကြားကြသည်။
ဆက်လက်၍  လွတ်မြောက်သည့် အကျဉ်းသား အကျဉ်းသူများကို     သက်ဆိုင်ရာမြို့နယ်အလိုက် YBS  မော်တော်ယာဉ်များဖြင့်   လိုက်လံပို့ဆောင် ပေးသည်။ 
ယနေ့တွင်    အင်းစိန်ဗဟို  အကျဉ်းထောင်မှ      လွတ်ငြိမ်းသက်သာခွင့်ရရှိသည့်     အကျဉ်းသား/ အကျဉ်းသူ ၆၄၇ ဦးအနက်  အကျဉ်းသား ၉၉ ဦး ၊ အကျဉ်းသူ ၅၁ ဦး စုစုပေါင်း ၁၅၀ ကို ယနေ့ ညနေ ပိုင်းတွင်     လွှတ်ပေးခဲ့ပြီး   ကျန်  ၄၉၇ ဦးအား အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင်   ဆက်လက်        လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
  ညိမ်းသူ (သတင်းစဉ်)၊
ဓာတ်ပုံ - ကနူး