
ရန်ကုန် သြဂုတ် ၂
ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း အင်းစိန်၊ ရွှေပြည်သာ၊ လှည်းကူး၊ တိုက်ကြီးမြို့နယ် များ၌ အသက် ၆၅ နှစ်နှင့်အထက်ရှိ သက်ကြီးရွယ်အို ဘိုးဘွားများအား သြဂုတ် ၁ ရက်မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
အဆိုပါမြို့နယ်များ၌ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၏ စီစဉ် ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီများဖြစ်ကြ သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီး ဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး အဖွဲ့နှစ်ဖွဲ့ခွဲပြီး အသက် ၆၅ နှစ်အထက် ဘိုးဘွား ၂၃၀ ထိုးနှံပေးပြီး ရွှေပြည်သာ မြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌လည်း အသက် ၆၅ နှစ် အထက် ဘိုးဘွား ၁၄၁ ဦးရှိပြီး ဆေးထိုးရန် ကျန်ရှိနေသူများကို ကာကွယ်ဆေးထိုး မည့်နေ့ရက် အချိန် နေရာတို့ကို ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တိုက်ကြီးမြို့နယ် (မြို့မ) အခြေခံပညာ အထက်တန်းကျောင်း၌ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွား ၂၀၀ တို့အား သြဂုတ် ၂ ရက်မှ ၃ ရက်အထိ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အထက(လှည်းကူး)၌ သက်ကြီး ဘိုးဘွားများအား လှည်းကူးမြို့နယ် အတွက် ရရှိသည့် ကာကွယ်ဆေးအလုံးရေ ၈၀၀ ကို မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ အား စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဘိုးဘွား များအား ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဉာဏ်ဟိန်း